အောင်လအန်ဆန်ဟာ ဖိုက်တာဆု စကာတင် ၅ ဦးစာရင်းမှာလည်း ပါဝင်ခဲ့ပေမယ့် UFC ဟဲဗီးဝိတ်ချန်ပီယံ ဒယ်နီရယ် ကော်မီယာကရရှိသွားပါတယ်။
အောင်လအန်ဆန်အနေနဲ့ နိုင်ငံတကာ ဖိုက်တာဆုကို UFC ၀ိတ်တန်းအလိုက် လက်ရှိချန်ပီယံတွေဖြစ်ကြတဲ့ ခါဘစ်၊ အူစမန်၊အက်ဒီဆန်ယာနဲ့ Bellator မစ်ဒယ်ဝိတ်ချန်ပီယံမော့ဆာစီ စတဲ့ ဖိုက်တာတွေကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးဖိုက်တာဆုကိုတော့ UFC ချန်ပီယံ ၂ ဆုရှင် ဘရာဇီး MMA ကစားသမား အမန်ဒါနူနက်စ်က ရရှိခဲ့ပါတယ်။
အကောင်းဆုံးပွဲစဉ်ကိုတော့ တိုနီ ဖာဂူဆန်နဲ့ အန်ဒိုနီပီတစ်တို့ ထိုးသတ်ခဲ့တဲ့ UFC ပွဲကို ရွေးချယ်ခဲ့ပါတယ်။ ကမ္ဘာ့ MMA ဆုချီးမြှင့်ပွဲကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ပြီး နှစ်စဉ် ဆု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment