ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်အရ တကမ္ဘာလုံးမှာ နှစ်စဉ် တခါသုံး ပလတ်စတစ်အိတ် ၅ ထရီလီယံအထိ အသုံးပြုနေတယ်လို့ သိရပါတယ်။
ထိုင်းအစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းအရဆိုရင်လည်း ထိုင်းနိုင်ငံဟာ တနှစ်ကို ပလတ်စတစ် စွန့်ပစ်ပစ္စည်းတန်ချိန် ၂ သန်းလောက် ထုတ်လုပ်နေတာပါ။
ဒါကြောင့်မို့ ရှောပင်းမောလ် ဈေးဝယ်တဦးက ဒီလို တခါသုံး ပလတ်စတစ်အိတ်တွေအပေါ် ငွေကောက်ခံတဲ့ အစီအစဉ်ကကောင်းပြီး လူတွေအနေနဲ့ သဘောဝပတ်ဝန်းကျင် ဘေးကင်းဖို့ ဒီလိုလုပ်ဖို့လိုတာကို သဘောပေါက်စေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
No comments:
Post a Comment