ဒါ့အပြင် အဲဒီကျေးရွာ ၅ ရွာထဲက ကျေးရွာ ၃ ရွာက စာသင်ကျောင်းအိမ်သာကိုလည်း တည်ဆောက်ပေးခဲ့ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၃၀ အတွင်း ရေလုံလောက်စွာရရှိရေးအတွက် ရည်မှန်းချက် ထားရှိသလို အဲဒီရည်မှန်းချက်တွေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ Lien Aid အဖွဲ့ ဥက္ကဋ္ဌ လောရန့်စ်လီရန် က ဆိုပါတယ်။
Lien Aid အဖွဲ့ဟာ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေးနဲ့ ဒေးဒရဲမြို့နယ်တွေက ကျေးရွာတွေမှာ ပြည်သူလူထုစီမံခန့်ခွဲတဲ့ ရေရရှိရေး စီမံကိန်းတွေ ဆောင်ရွက်မယ်လို့ဆိုပါတယ်။
Lien Aid ဟာ ၂၀၁၇ ခုနှစ်မှာ အစိုးရနဲ့ MOUရေးထိုးခဲ့ပြီး ပထမအဆင့်အနေနဲ့ မြောင်းမြနဲ့ ဘိုကလေးမြို့နယ်တွေကို စတင်အကောင်အထည်ဖော်မှာဖြစ်ပါတယ်။
ရေရရှိဖို့ တည်ဆောက်ရေး စီမံကိန်းတွေလုပ်တဲ့အခါ ကုန်ကျငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဒေသခံပြည်သူက ထည့်ဝင်ရတာဖြစ်သလို Lien Aid အဖွဲ့က ၇၀ ရာခိုင်နှုန်းထည့်ဝင်ပြီး တည်ဆောက်တာ ဖြစ်ပါတယ်။
No comments:
Post a Comment