Pages
Saturday, July 6, 2019
လမ်းဖောက်လိုက်သဖြင့် စဖိုကြီးရေတံခွန်သို့ ကားဖြင့်သွားရောက်လည်ပတ်နိုင်
မြန်မာအမျိုးသမီးဘောလုံးအသင်း ပြည်တွင်းခြေစမ်းပွဲ လေးပွဲတွင် နှစ်ပွဲနိုင်
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မော်လမြိုင်နှင့် ထားဝယ်မြို့တွင် ပြည်တွင်းခြေစမ်းပွဲ လေးပွဲယှဉ်ပြိုင်ရာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ် ထွက်ပေါ်ခဲ့သည်။ အာဆီယံပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာအမျိုးသမီး အသင်းသည် ဇွန်လ ၂၉ ရက်မှဇူလိုင် ၄ ရက်အထိ မော်လမြိုင်နှင့် ထားဝယ်တွင် ဒေသခံလက်ရွေးစင်ဟောင်းများအသင်း၊ အမျိုးသားလူငယ်အသင်းတို့နှင့် ခြေစမ်းကစားခဲ့သည်။
ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ၀ိတ်တန်းရှစ်တန်းတွင် လက်ဝှေ့သမား ၁၆ ဦး ဗိုလ်လုမည်
ယခုနှစ်ရွှေခါးပတ်ချန်ပီ ယံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ၀ိတ်တန်း ရှစ်တန်းတွင် လက်ဝှေ့ ကလပ် ၁၃ ခုမှ ကစားသမား ၁၆ ဦး ဗိုလ်လုမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးက ထုတ်ပြန်သည်။ အဆိုပါပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ် ကို ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီ ခွဲတွင် မန္တလေးမြို့ ဒိုင်းမွန်းပလာ ဇာငါးလွှာ၌ ကျင်းပမည်ဖြစ် သည်။ ဇွန်လနောက်ဆုံးပတ်က မန္တလေးမြို့တွင် ကျင်းပသည့်အ ကြိုဗိုလ်လုပွဲစဉ်များ၌ အနိုင်ရ သည့် ကစားသမား ၁၆ ဦးကဗိုလ် လုပွဲတွင် ထိုးသတ်မည်ဖြစ်သည်။
မကွေးဆေးတက္ကသိုလ်တွင် သက်မဲ့ခန္ဓာအလှူရှင်များ လိုအပ်
မကွေးဆေးတက္ကသိုလ် တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ လေ့လာသင်ယူနိုင် ရေး သက်မဲ့ခန္ဓာကိုယ်အလှူရှင် များ လိုအပ်ကြောင်း မကွေး ဆေးတက္ကသိုလ် ခန္ဓာဗေဒဌာန ကထိက ဒေါက်တာဥမ္မာလှိုင်က ပြောသည်။ သက်မဲ့ခန္ဓာကိုယ်လှူဒါန်း သူများလာမှသာလျှင် ဆေးပညာ လေ့လာခွင့်နှင့် ခန္ဓာကိုယ်ခွဲ စိတ်သင်ကြားခွင့် ပိုမိုရရှိမည် ဖြစ်ကာ ထူးချွန်ထက်မြတ်သည့် ဆရာဝန်များ ပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သင်ကြားမှုတွင် သက်မဲ့ခန္ဓာကိုယ်လိုအပ်ချက်အရေးကြီးသဖြင့် အလှူရှင်များလိုအပ်ကြောင်း ၎င်းကပြောသည်။
ပြည်တက္ကသိုလ်တွင် ဗကသအဖွဲ့ချုပ် အကြိုညီလာခံကျင်းပ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ညီလာခံကျင်းပရန် အကြိုညီလာ ခံအစည်းအဝေးကို ပြည်တက္က သိုလ်ဟောပြောပွဲ ခန်းမ၌ ဇူလိုင် ၄ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို ဇူလိုင် ၄ ရက်မှ ၆ ရက်အထိကျင်း ပနေပြီး သြဂုတ်တွင် ဗကသ အဖွဲ့ချုပ်ညီလာခံ ကျင်းပရန် အ ကြိုပြုလုပ်ခြင်းဖြစ်သည်။ ၁၉၆၀ က ရေးဆွဲခဲ့သည့် ဗကသ အဖွဲ့ချုပ် ဖွဲ့စည်းပုံ၏ ခေတ်စနစ်နှင့်မညီသည့် အချက် များ ပြင်ဆင်ရန် ထည့်သွင်းဆွေး နွေးခဲ့ကြောင်း ပြည်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုကျော်ရဲသူက ပြောသည်။
ကျော်ဇင်ထက် ဦးခေါင်းစွပ်ဖြင့် လေ့ကျင့်ခန်းပြန်ဆင်း
မ်းအသင်းနှင့်ပွဲတွင် ဦးခေါင်းထိခိုက်မိ၍ အရေးပေါ်ကု သမှု ခံယူရသည့် ရန်ကုန်အသင်း ဂိုးသမား ကျော်ဇင်ထက်သည်၁၀ ရက်ခန့် အနားယူပြီးနောက် ဇူလိုင် ၄ ရက်၌ ဦးခေါင်းစွပ်ဖြင့် လေ့ကျင့်ခန်း ပြန်ဆင်းနေသည်။ ဇွန်လ ၂၃ ရက်က တောင်ကြီးမြို့၌ ယှဉ်ပြိုင်သည့် မြန်မာလိဂ်ပွဲပထမပိုင်းတွင် ရန်ကုန်ဂိုးသ မား ကျော်ဇင်ထက်သည် ရှမ်းအသင်း တိုက်စစ်မှူး ဇင်မင်းထွန်းနှင့် ဘောလုံးယှဉ်လုခိုက် ဦးခေါင်းထိခိုက်မိခဲ့သည်။ ယင်းထိခိုက်မှုကြောင့် ကျော်ဇင်ထက်သည် ပြန်လည်ထရပ်နိုင်သော်လည်း ပထမပိုင်း ပြီးခါနီး၌ ဂိုးဧရိယာအတွင်းတစ်ဦးတည်းရှိနေချိန် လဲကျခဲ့ သည်။
ဆွမ်ပရာဘွမ်နှင့် ပူတာအိုဒေသတွင် သတ္တုတွင်းလုပ်ကွက်များ တရားဝင်ချထားပေးမည်
ဆွမ်ပရာဘွမ်နှင့် ပူတာ အိုဒေသတွင် ပထမဆုံးအဖြစ် အသေးစား၊ လက်လုပ်လက်စားသတ္တုတွင်း လုပ်ကွက်များ လုပ်ကိုင်ခွင့် တရားဝင်ချထားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီဦးဒါရှီလဆိုင်းက ဇူလိုင် ၄ ရက်က ပြောသည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ နှင့်သာ သက်ဆိုင်သော အသေး စား၊ လက်လုပ်လက်စား သတ္တု တူးဖော်ခွင့်ပြုမိန့်ထုတ်ပေးခြင်း အစီအစဉ်အရ ဆွမ်ဘရာဘွမ်နှင့် ပူတာအိုဒေသများသည် ပထမဆုံး တရားဝင်ခွင့်ပြုပေးခြင်းဖြစ် ပြီး ရွှေကူနှင့် ဖားကန့်ဒေသတို့ တွင်ရှိသော တရားမ၀င်တူးဖော် နေသည့် သတ္တုတွင်းလုပ်ငန်းများကိုပါ တရားဝင်ဖြစ်အောင် ဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။
AA အနေဖြင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ မလာဘဲ လက်ရှိအတိုင်း ဆောင်ရွက်နေပါက တိုက်ပွဲရှည်မည်ဟု သမ္မတရုံးတာဝန်ရှိသူ သတိပေး အင်တာနက်လိုင်း ယာယီဖြတ်တောက်ထားမှု အခြေအနေများကို ပြန်လည်သုံးသပ်နေဟုဆို
ရခိုင်လက်နက်ကိုင်အ ဖွဲ့(AA) အနေဖြင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ မလာဘဲ အောက်ခြေ တွင် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေပါက ရခိုင်ဒေသ၌ တိုက်ပွဲများ ရှည်နေမည်ဖြစ် ကြောင်း သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက သတိပေး သည်။ ဇူလိုင် ၅ ရက်က နေပြည် တော်၌ ကျင်းပသည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ရခိုင် ဒေသတိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေး အခြေအနေနှင့်ပတ်သက်ပြီး ဦးဇော်ဌေးက အထက်ပါအတိုင်း ပြောကြားသည်။
ဆဲဗင်းဇူလိုင်အောက်မေ့ဖွယ်အဖြစ် ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုများကို ပြဇာတ်ကပြ ဆဲဗင်းဇူလိုင်အရေးအခင်းဆိုင်ရာ သမိုင်းအချက်အလက်များကို တရားဝင်ဖော်ထုတ်မှတ်တမ်းတင်ရန် ကျောင်းသားသမဂ္ဂများလိုလား
ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြိုချခံရခြင်းနှင့် တက္ကသိုလ်ကျောင်းသားများ ကျ ဆုံးခဲ့ခြင်း (၅၇) နှစ်မြောက်ဆဲဗင်း ဇူလိုင်နေ့အောက်မေ့ဖွယ်အဖြစ် ခေတ်အဆက်ဆက်ကျောင်းသား လှုပ်ရှားမှုများကို တက္ကသိုလ် ကျောင်းသားသမဂ္ဂသုံးခုက ဇူ လိုင် ၅ ရက်တွင် ဒဂုံတက္ကသိုလ် ၌ ပြဇာတ်ကပြသည်။ (၅၇) နှစ်မြောက်ဆဲဗင်းဇူ လိုင်အောက်မေ့ဖွယ် အခမ်းအ နားကို ဒဂုံတက္ကသိုလ်၊ ရန်ကုန်စီး ပွားရေးတက္ကသိုလ်၊ ရန်ကုန်အ ရှေ့ပိုင်းတက္ကသိုလ်တို့မှ ကျောင်း သားသမဂ္ဂသုံးခု ပူးပေါင်းကျင်းပ ခြင်းဖြစ်သည်။ ၈၈ ကျောင်းသား မျိုးဆက်ဦးကိုကိုကြီး၊ စာရေး ဆရာမ မသီတာ (စမ်းချောင်း) တို့၏ စကားဝိုင်း၊ ဆဲဗင်းဇူလိုင် သမိုင်းဆိုင်ရာ ဓာတ်ပုံပြပွဲ၊ ကဗျာ ရွတ်ပွဲများအပြင် ပထမကျောင်း သားသပိတ်စတင်ပေါ်ပေါက်ချိန် မှ ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂအဆောက်အအုံကို ဦး နေ၀င်းအစိုးရ ဖြိုချဖျက်ဆီးခဲ့ချိန် အထိ ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂသမိုင်းကို ပြ ဇာတ်ကပြခဲ့သည်။
ရန်ကုန်တိုင်းတွင် H1N1 ကြောင့် လူနာတစ်ဦး ထပ်မံသေဆုံး တစ်နိုင်ငံလုံး သေဆုံးမှုအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် ရန်ကုန်တိုင်းမှဖြစ်
ရန်ကုန်တိုင်းတွင် ရာသီတုပ်ကွေး(H1N1)ရောဂါကြောင့် တစ်ဦးထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၂၄ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ယမန်နေ့က ထုတ်ပြန် သည်။ ဇူလိုင် ၅ ရက်အထိ တစ်နိုင်ငံ လုံးတွင် ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၃၀ ဦးရှိနေပြီး ယင်းတို့အနက် ရန်ကုန်တိုင်းတွင် ၂၄ ဦးဖြစ်သဖြင့် ၈၀ ရာခိုင်နှုန်းခန့်သည် ရန်ကုန်တိုင်းမှ ဖြစ်သည်။
ညောင်နှစ်ပင်နှင့် ဒလမြို့သစ်စီမံကိန်းရှိ အိမ်ရာလုပ်ငန်းများတွင် ကိုရီးယားက ဘဏ္ဍာရေးဆိုင်ရာ ကူညီမည်
ညောင်နှစ်ပင် ကိုရီး ယား-မြန်မာစက်မှုမြို့တော် စီမံကိန်းနှင့် ဒလမြို့သစ် စီမံကိန်းတွင် အိမ်ရာနှင့် အခြေခံအဆောက်အ အုံ လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီထောက်ပံ့ရန် မြန်မာအစိုးရနှင့် သဘောတူညီ မှုရှိသည်ဟု ကိုရီးယား KB ဘဏ်ဥက္ကဋ္ဌ မစ္စတာ ဟောအင်းက ပြောသည်။ အဆိုပါ စီမံကိန်းများသည် ကိုရီးယားအစိုးရက အကောင်အ ထည်ဖော်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်း ကတိပြုခဲ့သည်။
Double Cab ယာဉ်ကို လုပ်ငန်းသုံးအုပ်စုအတွင်း သတ်မှတ်လိုက်ပြီး အကောက်ခွန် ၃၀ ရာခိုင်နှုန်းလျှော့ချမည်
အကောက်ခွန်ဦးစီးဌာန က Double Cab ယာဉ်များကို အကောက်ခွန်လျှော့ချရန် တင်ပြ မှုအပေါ် မော်တော်ယာဉ်တင် သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်း များကြီးကြပ်မှုကော်မတီ(ကြီး ကော်)က လက်ခံသဖြင့် ဆိပ်ကမ်း ခွန်(အကောက်ခွန်) ဆောင်ရမှု၃၀ ရာခိုင်နှုန်း သက်သာမည် ဖြစ် သည်။ ဇူလိုင်ပထမပတ်တွင် ပြု လုပ်သည့် မော်တော်ယာဉ်တင် သွင်းခြင်းနှင့်သက်ဆိုင်သော လုပ် ငန်းများ ကြီးကြပ်မှုကော်မတီ အစည်းအဝေး၌ တာဝန်ရှိသူ များက Double Cab ယာဉ်ကို လုပ်ငန်းသုံးအဖြစ် လက်ခံခြင်း ဖြစ်ကြောင်း မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်း ချရေးတာဝန်ရှိသူများက ပြော သည်။
ဒေသ ၁၀ ခု မိုးကြီးနိုင်ကြောင်း သတိပေး
ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေပြီး တိုင်းနှင့် ပြည်နယ် ၁၀ ခု၌ မိုး ကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ ဇွန်လနောက်ပိုင်းကစတင် ကာ နေရာကွက်မိုးကြီးခဲ့သည့် ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ် တွင် ဒေသအလိုက်နှင့် ကချင်၊ ချင်းပြည်နယ်၊ ရန်ကုန်၊ ဧရာဝ တီ၊ တနင်္သာရီ၊ ပဲခူးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းဒေသ များတွင် နေရာကွက်မိုးကြီးနိုင် ကြောင်း သတိပေးထားသည်။ ဒေသအလိုက်ဆိုသည်မှာ သတိ ပေးချက်ထုတ်ပြန်ထားသည့် ဒေ သတစ်ခုလုံးတွင် မိုးကြီးနိုင်သည့် သတိပေးချက်ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပမည်ဟု ရွေးကော်အာမခံ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ရွေးကောက်ပွဲကို လွတ် လပ်မျှတစွာ ကျင်းပနိုင်မည် မဟုတ်ဆိုသော ဝေဖန်မှုများသည်အခြေအမြစ် မရှိသော စွပ်စွဲမှုသာဖြစ်ပြီး လက်တွေ့ဆောင်ရွက်နေသော အခြေအနေများနှင့် ကွဲလွဲနေကြောင်း ကော်မရှင်ပြောရေး ဆိုခွင့်ရှိသူ ဦးမြင့်နိုင်က တုံ့ပြန် သည်။ ‘‘အခြေအမြစ် မရှိဘဲနဲ့ စွပ်စွဲနေတာလို့ပဲ ဒီလိုပဲ ပြောရမှာ ပေါ့။ ကျွန်တော်တို့ကတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုတာ ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာနဲ့ လုပ်ထားလို့လည်း ခင်ဗျားတို့ကို ဒါတွေကို ပြချင်တာ’’ဟု ဇူလိုင် ၄ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမြင့်နိုင်က ပြောသည်။
ပန်းချီဝလုံး၏ ခြောက်ကြိမ်မြောက် ပန်းချီပြပွဲတွင် မဖွယ်မရာပြုကျင့်ခံရသည့် ကလေးငယ်များအတွက် အစီအစဉ်ပါဝင်မည်
မဖွယ်မရာပြုကျင့်ခံရ သည့် ကလေးငယ်များအတွက် ၀မ်းနည်းကြေကွဲမှုကို ဖော်ပြသည့် အနေဖြင့် ခြောက်ကြိမ်မြောက်တစ်ကိုယ်တော်ပန်းချီပြပွဲ ဖွင့်ပွဲ၌ အစီအစဉ်တစ်ခု ပြုလုပ်ထားကြောင်း ပန်းချီဝလုံးကပြောကြားသည်။ ‘‘ကလေးတွေက တယော ထိုးနေတဲ့အချိန်မှာ ဗစ်တိုးရီးယားလို ကလေးတွေနဲ့ ပတ်သက်ပြီးမြင်တဲ့အမြင် ကလေးတွေ၊ လုံခြုံမှုမရှိတာ၊ ထိရောက်အောင်မဖော်ထုတ်နိုင်တာတွေကို Life Painting လုပ်မယ်။ အမှန်က ပွဲမှာမပါဘူး။ ဒီရက်မှာ စိတ်မကောင်းဖြစ်လို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး ချမယ်ဆိုပြီးလုပ်ဖြစ်တာ’’ဟု ၎င်းကပြောသည်။
ဗစ်တိုးရီးယားအမှုကို လူ့အခွင့်အရေးကော်မရှင်က စောင့်ကြည့်နေဟု တာဝန်ရှိသူပြော တရားစွဲဆိုခံထားရသူက ခိုင်မာသည့်အချက်အလက်များဖြင့် မဟုတ်မှန်ကြောင်း တိုင်ကြားနိုင်
Wisdom Hill မူကြို ကျောင်းမှ မိန်းကလေးငယ်တစ်ဦး မဖွယ်မရာပြုကျင့်ခံရသည့်အမှု ကို လူ့အခွင့်အရေးကော်မရှင်က စောင့်ကြည့်နေကြောင်း မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင် အောင်က ယမန်နေ့ကပြောကြားသည်။ ယင်းအမှုကျူးလွန်သူဟုဆို သူအောင်ကျော်မျိုး(ခ)အောင် ကြီးကို ဇူလိုင် ၄ ရက်တွင် ရဲတပ် ဖွဲ့က တရားစွဲခဲ့မှုနှင့်ပတ်သက်၍ ‘‘တရားခံမဟုတ်ဘူးဆိုတဲ့ အခြေ အနေမှာ တော်တော်ဆူညံနေ တယ်။ သတိတော့ထားရမယ်။ အမှုကို သေသေချာချာ၊မှန်မှန် ကန်ကန်ဖြစ်အောင် ဖော်ထုတ် ပေးစေချင်တယ်’’ ဟု ၎င်းကပြောသည်။လတ်တလောတွင် အောင် ကျော်မျိုး(ခ) အောင်ကြီးအနေဖြင့် ခိုင်မာသည့် အချက်အလက်များ ဖြင့် မဟုတ်မှန်ကြောင်း တိုင်ကြား နိုင်သည်ဟု ဦးယုလွင်အောင်က ပြောသည်။
ကွန်တိန်နာယာဉ်မောင်းက ယာဉ်ထိန်းရဲကို ဓားဖြင့်ခုတ်
ဆိပ်ကမ်းမြို့နယ် ဗိုလ် အောင်ကျော်ကွန်တိန်နာကား ၀င်းရှေ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ၀င်တစ်ဦးကို ကွန်တိန်နာယာဉ် မောင်းက ဓားဖြင့်ခုတ်ခဲ့ကြောင်း ဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ဇူလိုင် ၅ ရက်၌ ပြော သည်။ ဇူလိုင် ၄ ရက်နေ့လယ် ၂ နာရီက ကမ်းနားလမ်းဗိုလ်အောင် ကျော်ကွန်တိန်နာဝင်းအရှေ့ရှိ ၀င်၊ ထွက်ပေါက်ကားလမ်းပေါ်၌ ကွန်တိန်နာကားများ ပိတ်နေစဉ် ယာဉ်လမ်းကြောရှင်းလင်းနေ သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ် ဦးနှင့် လမ်းမပေါ်ဖြတ်ထွက်လာ သည့်ကွန်တိန်နာယာဉ်မှ ယာဉ် မောင်းတို့ တစ်ယောက်တစ်ခွန်း စကားများခဲ့သည်။
ဘူးသီးတောင်မြို့နယ်သို့ သွားရောက်ကူညီသော ICRC ကို လုံခြုံရေးအရ တားမြစ်
ဘူးသီးတောင်မြို့ နယ် ဩရမကျေးရွာအုပ်စုရှိ ဒေသခံများအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများပေးရန် သွားရောက်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အဖွဲ့ကို တပ်မတော်က လုံခြုံရေး အကြောင်းပြချက်ဖြင့် တားမြစ်ခဲ့ ကြောင်း ဘူးသီးတောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သောင်းရွှေက ပြောသည်။ ICRC အဖွဲ့ သည် ဇူလိုင် ၂ ရက်က ဩရမ ကျေးရွာအုပ်စုရှိ ငတင်းတိမ်၊ ပိန္နဲချောင်း၊ မင်းကိုင်း စသည့်ကျေးရွာများသို့ စားနပ်ရိက္ခာများ ထောက်ပံ့ရန် သွားရောက်စဉ် တားမြစ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကလေးမွေးစားခွင့်ပြဋ္ဌာန်းချက်ကို ပြည်သူများ ရှင်းရှင်းလင်းလင်းမသိမှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးအမြတ်ထုတ်နေ
ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း ပါကလေးမွေးစားခွင့်ပြဋ္ဌာန်းချက် နှင့် ပတ်သက်၍ သာမန်ပြည်သူ များရှင်းရှင်းလင်းလင်းမသိမှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးအ မြတ်ထုတ်မှုများ လုပ်ဆောင်နေ ကြောင်း နိုင်ငံတော်သမ္မတရုံးက ဝေဖန်သည်။ ‘‘ဒီဥပဒေနဲ့ ပတ်သက်လို့အ ထင်အမြင်လွဲမှားနေတဲ့ သာမန် ပြည်သူတွေသေချာမသိဘူး။ မ သိတဲ့အပေါ်မှာ အခွင့်ကောင်းယူ ပြီးတော့ နိုင်ငံရေးအသုံးချတယ်။ နိုင်ငံရေး အမြတ်ထုတ်တာတွေ လုပ်နေတယ်’’ ဟု ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦး ဇော်ဌေးကပြောသည်။
အောင်ကြီးကို အချက်လေးချက်ဖြင့် ခိုင်မာသောကြောင့် တရားစွဲတင်လိုက်ခြင်းဖြစ်ကြောင်း ဒုရဲချုပ်ပြောကြား Wisdom Hill ကျောင်းကို အစိုးရအရေးယူမည် ပိုင်ရှင်များကို အမည်ပျက်စာရင်းသွင်းရန်စဉ်းစားနေ လူမှုဝန်ထမ်းအရာရှိများကိုလည်း အရေးယူမည်
ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း ကျေးရွာတချို့ မီးလောင်ပျက်စီး
မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေတဲ့ ဒေသက ကျေးရွာတချို့မှာ မီးလောင်မှုတွေ ဖြစ်ပွားနေပါတယ်။ ဒေသခံတချို့ကတော့ စစ်သားတွေက မီးရှို့တာလို့ ပြောကြပေမဲ့လည်း တပ်မတော် တာဝန်ရှိသူတွေကတော့ တိုက်ပွဲတွေအတွင်း လက်နက်ကျည်ဆံတွေ ထိမှန်ရာက မီးလောင်မှုဖြစ်တာလို့ ပြောပါတယ်။ တချိန်တည်းမှာပဲ တိုက်ပွဲတွေကြောင့် နယ်စပ်ကို တိမ်းရှောင်ကြတဲ့ ဒုက္ခသည်တွေကိုလည်း အိန္ဒိယအာဏာပိုင်တွေက ပြန်လည်ပို့ဆောင်တာတွေ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကသတင်းပေးပို့ ထားပါတယ်။
ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၃၀ ဦးရှိလာ
ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ တစ်ပြည်လုံးမှာ ၃၀ ယောက်ရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ဇူလိုင်လ ၅ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဇန်န၀ါရီလ တစ်ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့ ဒီနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး သံသယရှိ လူနာ ၄၂၄ ယောက်ကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၁၅၀ ယောက်ရှိခဲ့ပြီး ၃၀ ယောက် သေဆုံးခဲ့ တာဖြစ်ပါတယ်။ေ သဆုံးမှုအများဆုံးမှာ ရန်ကုန်တိုင်းကဖြစ်ပြီး ရန်ကုန်တိုင်းမှာ ပိုးတွေ့သူ ၈၇ ဦး ရှိတဲ့ထဲက ၂၄ ဦး သေဆုံးခဲ့ တာဖြစ်ပါတယ်။ ကျန်တဲ့ ၆ ယောက်ကတော့ ဧရာဝတီတိုင်းက သုံးယောက်နဲ့ စစ်ကိုင်းတိုင်းက နှစ်ယောက်၊ မွန်ပြည်နယ်မှာ တစ်ယောက်တို့ H1N1 နဲ့ သေဆုံးခဲ့ကြတာလို့ ထုတ်ပြန်ထားပါတယ်။
စစ်ဘေးရှောင်စခန်း မြစ်ရေလျှံလို့ နေရာပြောင်းရွှေ့ရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အရှေ့ဘက်မှာရှိတဲ့ လေးမြို့မြစ်ဟာ တောင်ကျရေတွေကြောင့် ပြည့်လျှံလာခဲ့ တာဖြစ်ပြီး မြစ်ကမ်းဘေးမှာရှိတဲ့ စင်္ဘောကိုင်း စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်းကိုလည်း အရေးပေါ်နေရာပြောင်းရွှေ့နေရတာဖြစ်ပါတယ်။ ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဆရာတော် အရှင်နန္ဒသာရက စစ်ဘေးဒုက္ခသည်တွေကို ကျေးရွာဘုန်းတော် ကြီးကျောင်းနဲ့ နီးစပ်ရာအိမ်တွေမှာ ယာယီခိုလှုံနေကြရတယ်လို့ မိန့်ပါတယ်။ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် လယ်ယာလုပ်ငန်းတွေ ရပ်ဆိုင်း
ဘူးသီးတောင်မြို့နယ် တောင်ပိုင်းနဲ့ မင်းပြားမြို့နယ်တွေထဲမှာ ဒီရက်ပိုင်းအတွင်း ဖြစ်နေခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရွာသားတွေဟာ ရွာပြင် မထွက်ဝံ့တာကြောင့် လယ်ယာလုပ်ငန်းတွေကို ရပ်ဆိုင်းထားရပါတယ်။ ဘူးသီးတောင်မြို့နယ် အတွင်းမှာ ဇွန်လ ၄ ရက်နေ့ မနက် ၅ နာရီကျော်ခန့်က သုံးဆယ့်တစ်ပုံအနီး ထိပ်ထူးပေါက် တံတားအနားမှာ တပ်မတော်စစ်ကြောင်း တစ်ခုမိုင်းခွဲ တိုက်ခိုက်ခံရသလို နံနက် ၉ နာရီခန့်မှာတော့ သပြေဆိပ်နဲ့ သိုင်းတစ်ပုတ်ကျေးရွာ အကြားမှာ အပြန်အလှန် ရင်ဆိုင်တိုက်ခိုက် ခဲ့ကြပါတယ်။
မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်မီးခိုးယူသုံးစွဲသည့်သူများကို ဒဏ်ရိုက်ရာ ကျပ်သိန်း ၉၀၀၀ ကျော်ရရှိ
မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်မီးခိုးယူသုံးစွဲမှုများကို စစ်ဆေး၍ ဒဏ်ရိုက်ရာ ၈ လအတွင်း ဒဏ်ကြေးပမာဏ ကျပ်သိန်း ၉၀၀၀ ကျော်ရရှိခဲ့ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း က သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၌ တရားမဝင်လျှပ်စစ်မီးခိုးယူသုံးစွဲမှုပေါင်း (၁၀၁) မှုရှိခဲ့ပြီး တရားမဝင် လျှပ်စစ်မီးခိုးယူသုံးစွဲသူများထံမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၉ ခုနှစ် မေလ အထိ ဒဏ်ကြေး လျှော်ကြေး အဖြစ် ငွေကျပ်သိန်း ၉၃၉၃ ကျော် ရရှိခဲ့သည် ။
မူကြိုကျောင်းသူအမှု ရန်ကုန်နဲ့ မန္တလေးမှာ ဆန္ဒပြမယ်
နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၃ နှစ်မပြည့် သေးတဲ့ မိန်းကလေးတစ်ဦး သက်ငယ်မုဒိမ်း ပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ရန်ကုန်နဲ့ မန္တလေး မှာ ဆန္ဒပြသွားကြဖို့ရှိတယ်လို့ ရန်ကုန်ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ထိုက်မင်းက ဘီဘီစီ ကိုပြောပါတယ်။ ရန်ကုန်ဆန္ဒပြပွဲကို ဇူလိုင် ၆ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီးစုရပ်အနေနဲ့ ကျောက်တော်ကြီးဘုရားကနေ အင်းစိန် မှုခင်းအထူးတပ်ဖွဲ့ရုံး (စီအိုင်ဒီ)ရှေ့အထိ ချီတက်ဆန္ဒဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ပုဂံကို UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ထည့်သွင်းမည်
မြန်မာ့ရှေးဟောင်း ဘုရားပုထိုးစေတီတွေ ရှိရာ ပုဂံဒေသကို ကုလသမဂ္ဂ UNESCO အဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်လိုက်ရင် မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူး ပိုရှိလာမှာ ဖြစ်ပေမယ့် ထိန်းသိမ်း ဆင်ခြင်စရာတွေ ရှိနေသေးတယ်လို့ မြန်မာပညာရှင်တဦးက သတိပေးလိုက်ပါတယ်။ ရှေးဟောင်းမြို့တော် ပုဂံကို ဒီရက်ပိုင်းအတွင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ကြေညာဖို့ ရှိနေချိန်မှာ အခုလို ပြောဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က ဆက်ပြီး တင်ပြပါမယ်။
ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ထိုင်းနဲ့ မလေးရှား သွားမည်
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Dr. Yanghee Lee ဟာ ဇူလိုင် ၈ ရက်ကနေ ၁၈ ရက်အထိ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်မယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါမယ်။ မြန်မာအစိုးရဘက်က သူ့ကို လက်မခံပေမဲ့ လူ့အခွင့်အရေးကိစ္စတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးနိုင်ဖို့၊ အစိုးရနဲ့ ဆက်ဆံနိုင်ဖို့ သူဆက်လက် ကြိုးစားမယ်လို့ Dr. Yanghee Lee က ပြောပါတယ်။
ကျောက်ဖြူစီမံကိန်း ပြန်သုံးသပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို
ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ဆက်စပ်စီမံကိန်းတွေရဲ့ အကျိုးဆက်တွေကို အစိုးရက သေချာပြန်လေ့လာဖို့နဲ့ တရုတ်ကုမ္ပဏီရဲ့ အကြီးစားရင်းနှီး မြှုပ်နှံတာတွေကနေ အလုပ်အကိုင်အခွင့်အလမ်းတွေ မမျှော်လင့်ကြောင်း ရခိုင် အရပ်ဘက်အဖွဲ့တွေက ပြောလိုက်ပါတယ်။ စီမံကိန်းကြောင့် ဖြစ်လာတဲ့ ခြစားတာတွေ၊ နစ်နာတာတွေ၊ မြေသိမ်းတာတွေအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ခွင့်ပြုဖို့လည်းသူတို့ကတောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် မေးမြန်းတင်ပြထားပါတယ်။
တူနီးရှားရေပိုင်နက် လှေမှောက် ပြောင်းရွှေ့ဝင်ရောက်သူ ၈၀ ကျော် သေဆုံး
ပြီးခဲ့တဲ့ နှစ်ရက်က တူနီးရှား ရေပိုင်နက်အတွင်း အာဖရိကက ရွှေ့ပြောင်း ၀င်ရောက်သူတွေ လိုက်ပါလာတဲ့ လှေတစ်စီး နစ်မြုပ်ခဲ့ရာမှာ သုံးဦးသာ အသက်ရှင်ပြီး ၈၃ ဦး ရေနစ် သေဆုံးခဲ့ပါတယ်။ နစ်မြုပ်ခဲ့တဲ့လှေဟာ လစ်ဗျားနိုင်ငံ Zuwara မြို့က ထွက်လာပြီး နာရီပိုင်း အကြာမှာ မြေထဲ ပင်လယ် အတွင်း နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ ကြက်ခြေနီ အသင်းက ဒီလှေပေါ် သယ်ဆောင်လာတဲ့ လူအရေအတွက် များလွန်းတယ်လို့ ပြောပါတယ်။
Friday, July 5, 2019
စောင်းကောက်ကျွန်းပေါ်၌ ကုမ္ပဏီ ငါးခုကို ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုထားသော်လည်း နှစ်နှစ်ကျော် ကြာသည်အထိ အခွန်မည်မျှ ရရှိကြောင်း တိုင်းအစိုးရအဖွဲ့ ဖြေကြားနိုင်ခြင်း မရှိဟုဆို
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှ ရေမိုင် ၃၀ ကျော်အကွာရှိ စောင်းကောက်ကျွန်းပေါ်၌ ကုမ္ပဏီ ငါးခုကို ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန်နှင့် ယာယီနားနေဆောင်များ၊ စားသောက်ဆိုင်များ မြေပိုင်ဆိုင်မှု မပါဘဲ တိုင်းဒေသကြီးအစိုးရသို့ အခွန်များပေးသွင်းပြီး ဆောင်ရွက်ခွင့်ပြုထားသော်လည်း နှစ်နှစ်ကျော် ကြာသည်အထိ အခွန်မည်မျှ ရရှိကြောင်း တိုင်း အစိုးရအဖွဲ့ ဖြေကြားနိုင်ခြင်း မရှိဟု သိရသည်။
မူးယစ် ထောင်ထွက်များ ဘိန်းဖြူရောင်းစဉ်ဖမ်းမိ
မူးယစ်ဆေးဝါးမှုဖြင့်ထောင်ကျပြီးလွတ်လာသည့် လူတစ်စု မုံရွာမြို့ပေါ်၌ ဘိန်းဖြူရောင်းနေစဉ် ရဲတပ်ဖွဲ့မှ လက်ရဖမ်းမိခဲ့သည်။ မုံရွာမြို့ ဆူးလေကုန်းရပ်ကွက် သာစည်လမ်းပေါ်ရှိ ရွှေကြာ စားသောက်ဆိုင်ရှေ့တွင် ဇူလိုင်လ ၄ ရက် ညပိုင်းက မူးယအသက်၂၈ နှစ်အရွယ် သလ္လာရပ်ကွက်နေထိုင်သူ အမျိုးသားတစ်ဦးနှင့် အသက် ၂၇ နှစ်အရွယ် အလယ်ရပ်နေထိုင်သူတို့အား စစ်ကိုင်းတိုင်းဒေသကြီး တိုင်းမှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ မုံရွာခရိုင်မှုခင်းနှိုမ်နှင်းရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သတင်းအရ စစ်ဆေးခဲ့ကြောင်း ဆိုသည်။
အစိုးရ ရုံးဖွင့်ရက်ကို ပါတီအတွက် သုံးခြင်းမဟုတ်ကြောင်း ဒေါက်တာဇော်မြင့်မောင် ပြော
အစိုးရ ရုံးဖွင့်ရက်ကို ပါတီအတွက် သုံးခြင်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က ဇူလိုင်လ ၅ ရက်နေ့မှာ ကျင်းပသည့် ပါတီ၊ အစိုးရ၊ လွှတ်တော် တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည် ။ အဆိုပါ တွေ့ဆုံပွဲကို ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ဗဟိုအလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်အနေဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူဖြစ်သည် ။
“ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး ” အာဂျန်ရော်ဘင်
ဘိုင်ယန်မြူးနစ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးတဲ့နောက် အာဂျန်ရော်ဘင်အနေနဲ့ ကစားသမားဘဝက အနား ယူတဲ့အကြောင်းအတည်ပြုထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ နယ်သာလန်တောင်ပံကစားသမားဟောင်းဖြစ်သူ အာဂျန်ရော်ဘင်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့စာချုပ်သက်တ မ်းကုန်ဆုံးခဲ့ပြီးတဲ့နောက် အခြားကလပ်အသင်းတစ်သင်းသင်းဆီပြောင်းရွှေ့ဖို့စီစဉ်ခဲ့ပေမယ့် ကစားသမားဘ၀ ကနေ ရုတ်တရက်အနားယူခဲ့ပြီလို့ အတည်ပြုမှုကို DailyMailရဲ့ဖော်ပြချက်အရ သိရပါတယ်။တက္ကသိုလ်ကျောင်းသူများထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်လုပြေးသူကို မြို့ခံများက၀ိုင်းဝန်းဖမ်းဆီး
တောင်ငူမြို့၊အမှတ် ၅ ရပ်ကွက်တွင် စားသောက်ဖွယ်ရာများဝယ်ယူပြီး ပြန်လာသည့် တက္ကသိုလ်ကျောင်းသူများထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်လုပြေးသူကို ဒေသနေမြို့ခံများက ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်းသိရသည်။ ဇူလိုင် ၄ရက်၊ည ၉ နာရီအချိန်ခန့်က တောင်ငူမြို့၊ ဦးပန်းဖြူလမ်းနေ တက္ကသိုလ်ကျောင်းသူများဖြစ်ကြသည့် မငြိမ်းစုထွန်း(တတိယနှစ်-သတ္တဗေဒ)၊မအင်ကြင်းကြွယ် (တတိယနှစ်-သတ္တဗေဒ)၊နှင့် မဆုပြည့်ထက် (စတုတ္ထနှစ်-မြန်မာစာ)တို့သုံးဦးသည် အမှတ်(၅)ရပ်ကွက်ရှိ ဆေးရုံထောင့်တွင် စားသောက်ဖွယ်ရာများ ၀ယ်ယူ ပြီးနောက် ဆိုင်ကယ်ဖြင့်ပြန်လာစဉ် နံပါတ် ၁ လမ်းနှင့် ဦးပန်းဖြူလမ်းထောင့်သို့အရောက်၌ တောင်ငူမြို့၊(၂) ရပ်ကွက် ၊တေဇာခင်ဦး(၂)လမ်းနေ အသက် ၂၀ နှစ်ခန့်ရှိ မောင်ဝေယံထွန်းဆိုသူမှ ဆိုင်ကယ်နှင့်အနောက်မှ ကပ်လိုက်လာပြီး မငြိမ်းစုထွန်းကိုင်ဆောင်ထားသော ဖုန်းနှင့်ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။"နိုင်ငံစွန့်ခွာ အလုပ်လုပ်ကိုင်သူတွေအတွက် အကောင်းဆုံးနေရာဖြစ်လာတဲ့ ဆွစ်ဇာလန်"
ကမ္ဘာ့နိုင်ငံများအနက် ဆွစ်ဇာလန်က နိုင်ငံစွန့်ခွာ အလုပ်လုပ်ကိုင်သူတွေအတွက် အကောင်းဆုံးနေရာဖြစ်ကြောင်း HSBC Global ရဲ့ အစီရင်ခံစာသစ်မှာ သတ်မှတ်ဖော်ပြခဲ့ပါတယ်။ မိမိတို့နိုင်ငံကိုစွန့်ခွာပြီး အလုပ်လုပ်ကိုင်သူတွေအတွက် အလုပ်လုပ်ရန်နဲ့နေထိုင်ရန် အကောင်းဆုံး နေရာစာရင်းမှာ ပြီးခဲ့တဲ့ လေးနှစ်ဆက်တိုက် စင်ကာပူနိုင်ငံက ထိပ်ဆုံးကနေ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ယခုနှစ် ထုတ်ပြန်လိုက်တဲ့ HSBC အစီရင်ခံစာမှာတော့ ဆွစ်ဇာလန်က အဆင့် ၇ ဆင့်တက်လာပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။
နိုင်ငံအချုပ်အခြာအာဏာထိပါးစေသည့်လုပ်ရပ်ကို လုံးဝသည်းမခံဟု မြန်မာကိုယ်စားလှယ်ပြော
မြန်မာနိုင်ငံရဲ့ နိုင်ငံအချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ထိပါးစေတဲ့ လုပ်ရပ်တွေကို လုံးဝ သည်းခံမှာမဟုတ်ဘူးလို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောကြား လိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကုလသမဂ္ဂရုံးမှာကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ (၄၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီနဲ့ အပြန်အလှန် ဆွေးနွေးပွဲကို ပြုလုပ်ရာမှာ ပြောကြားခဲ့တာပါ။
ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်ကွက်မင်္ဂလာလမ်းမှာ မီးလောင်မှုဖြစ်ပွား

ထားဝယ်မြို့ ခုံဝင်းဒပ်ရပ်ကွက် မင်္ဂလာလမ်းမှာရှိတဲ့ နေအိမ်တစ်ခုမှာ ဇွန်လ ၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ် ။ သုံးထပ်တိုက်အိမ်အပေါ်ထပ်ကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မနက် ၁၀နာရီ ၂၀ ဝန်းကျင်မှာတော့ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ အဆိုပါမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူများကို ဓာတ်ပုံအထောက်အထားနှင့်တကွ တရားစွဲဆိုနိုင်ရေး ရန်ကုန်စည်ပင်ပြင်ဆင်နေ
၂ဝ၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအသက်ဝင်စေရန် စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှုများ၊ အမှိုက်စွန့်ပစ်မှုများကို မှတ်တမ်းဓာတ်ပုံ၊ သက်သေအထောက်အထားနှင့်တကွ တရားစွဲဆိုနိုင်ရေးအတွက် YCDC စီမံရေးရာဌာနနှင့် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနတို့ ဌာနအချင်းချင်းညှိနှိုင်းကာ ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။
"နိုင်ငံရေးပါတီများနှင့် စကားပြောမှာလား၊ အလုံးစုံပျက်သုဉ်းခံမှာလား" ဟု အစိုးရကို မေးခွန်းထုတ်
လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည်လား၊ အလုံစုံပျက်သုဉ်းခံ မှာလား ဟု မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ် က မေးခွန်းထုတ်ပြောကြားသည်။ နိုင်ငံတော်၏ လက်ရှိအခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်သူ များက လတ်တလောဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးပါတီ ဋ္ဌာနချုပ်တွင် ယနေ့ ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ဦးကောင်းမြင့်ထွဋ် က မေးခွန်းထုတ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
မီတာခများတိုးမြှင့်လိုက်၍ ဆန်ကြိတ်ခွဲခဈေးနှုန်းများ မြင့်တက်
လျှပ်စစ်မီတာခနှုန်းထားများကို ဇူလိုင်လမှစတင်၍ တိုးမြှင့်ကောက်ခံလိုက်သောကြောင့် ဆန်နှင့် ဆန်ကွဲတစ်အိတ် ကြိတ်ခွဲခဈေးနှုန်းကို ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ကျပ် ၁၃၀၀ မှ ၁၅၀၀ အထိ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း (ပုသိမ်) ထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့က ပုသိမ်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် ပုသိမ်မြို့ရှိ ဆန်စက်ပိုင်များနှင့်တွေ့ဆုံ၍ ဇူလိုင် ၁ ရက်နေ့မှစတင်က လျှပ်စစ်မီတာခနှုန်းထားများကို ယခင်ကထက် ၃၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း တိုးမြှင့်ပေးဆောင်ရမည့်အပေါ် နဝလီ (အငှား) ကြိတ်ခွဲခများကိုလည်း သင့်တင့်သည့်နှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် အများညှိနှိုင်းဆွေးနွေးမှုအပေါ် အခြေခံကာ ပြင်ဆင်သတ်မှတ် ကောက်ခံခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
ကမ္ဘာကြီးပူနွေးလာမှု သစ်ပင်ကုဋေပေါင်းများစွာ စိုက်ပြီး ကာကွယ်နိုင်
ကမ္ဘာကြီး တနေ့တခြား ပူနွေးလာနေမှုကို ကာကွယ်တိုက်ဖျက်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းကတော့ သစ်ပင်ကုဋေပေါင်းများစွာ စိုက်ပျိုးဖို့ပဲ ဖြစ်ပါတယ်လို့ ဆွစ်ဇာလန် သိပ္ပံပညာရှင်တွေက ကြာသပတေးနေ့ မနေ့က ပြောပါတယ်။ ကမ္ဘာမြေပေါ်မှာ မြို့ကြီးတွေနဲ့ စိုက်ပျိုးရေးလုပ်တဲ့ မြေပမာဏတွေ တိုးပွားလာနေပေမယ့် သစ်ပင်စိုက်နိုင်တဲ့မြေပမာဏ စတုရန်းမိုင် ၃ သန်းခွဲ ရှိပါသေးတယ်လို့လည်း မနေ့က ထုတ်ဝေတဲ့ သိပ္ပံပညာ ဂျာနယ်မှာ ဖေါ်ပြထားပါတယ်။ အဲဒီလိုသာ သစ်ပင်တွေ ကုဋေ ကုဋာ စိုက်ပျိုးနိုင်မယ်ဆိုရင် ကမ္ဘာ့လေထုထဲက အပူဓါတ်တွေ ထုတ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ တန်ချိန် ဘီလီယံ ၈၃၀ ခန့်ကို သစ်ပင်တွေက စုတ်ယူနိုင်မှာဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ကမ္ဘာပေါ်မှာ သစ်ပင်စိုက်ပျိုးဖို့ မြေနေရာအများဆုံး ကျန်ရှိနေတဲ့ နိုင်ငံတွေကတော့ ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ၊ ဘရာဇီးနဲ့ တရုတ်နိုင်ငံတွေဖြစ်ပါတယ်။
အမျိုးသားရေးအင်အားစုများဆန္ဒထုတ်ဖော်မှု မလွန်မကျူးစေရန် ထိန်းသိမ်းသွားမည်ဟု ကရင်သာသနာရေး ဝန်ကြီး ပြော
ကရင်ပြည်နယ်၊ ဇွဲကပင်တော်ဆရာတော်ကြီးကျောင်းတိုက်တွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများမှ ဆန္ဒထုတ်ဖော်မည့်အပေါ် မလွန်ကျူးစေရန်ထိန်းသိမ်းသွားမည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။ ကရင်တစ်ပြည်နယ်လုံးမှ အမျိုးရေးတက်ကြွလှုပ်ရှားသူများက ကရင်ပြည်နယ်လုံးဆိုင်ရာ ထာဝရ မဘသ ဇွဲကပင်တောင်ဆရာတော်ကြီးကျောင်းတိုက်တွင် ဇူလိုင်လ ၅ ရက်၌ လူအင်အား တစ်သောင်းဖြင့် ဆန္ဒထုတ်ဖော်ရန် စာတင်ထားသည့်အပေါ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
ဟန်ဒူးရပ်စ်တွင် ကျောက်ပုစွန်ဖမ်းသည့်သင်္ဘော တိမ်းမှောက်၊ ၂၆ ဦးထက်မနည်း သေဆုံး
ဟွန်ဒူးရပ်စ် ကမ်းလွန်ပင်လယ်ပြင်မှာ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေအတွင်း ကျောက်ပုစွန်ဖမ်းတဲ့ သင်္ဘောတစီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဟွန်ဒူးရပ်စ်စစ်တပ် ပြောခွင့်ရ အရာရှိတယောက်က ဇူလိုင် ၃ ရက်နေ့မှာ ပြောပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဟွန်ဒူးရပ်စ်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး ပင်လယ်ပြင် မတော်တဆမှု တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
တရုတ်ပြည် နယ်စပ် နောင်တောင်း ဘက်တွင် တရုတ်ရဲများ စစ်ဆေးရေး တင်းကြပ် နမ့်ခမ်းဒေသခံများပြော
သျှမ်းပြည်နယ် နမ့်ခမ်းမြို့ နယ်စပ်ဒေသဖြစ်သည့် တရုတ်ပြည် နောင်တောင်း ဘက်တွင် တရုတ်ရဲများ စစ်ဆေးရေး တင်းကြပ်နေသည် ဟု သတင်းရရှိသည်။ ယခု တလော တရုတ်ပြည် နောင်တောင်းဘက်တွင် မြန်မာပြည်ဘက်မှ လာသည့် ပြည်သူများကို စစ်ဆေးရေး တင်းကြပ်နေကြောင်း၊ တရုတ်ပြည်သို့သွားသည့်အခါ သတိထား သွား၊ လာကြရန် နမ့်ခမ်းဒေသခံ စိုင်းပီးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။
ဟောင်ကောင် ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ပြည်တွင်းရေးကို ဝင်မစွက်ရန် ဗြိတိန်ကို တရုတ်ပြောကြား
ဟောင်ကောင်တွင် လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများနှင့်ပတ်သက်၍ သံတမန်ရေးရာတင်းမာမှု ရှိလာခဲ့ပြီးနောက် ပြည်တွင်းရေးကိုဝင်မစွက်ရန် တရုတ်က ဗြိတိန်ကိုသတိပေးလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။ ဆန္ဒပြမှုများကို အားပေးသောလုပ်ရပ်များနှင့် နိုင်ငံခြာရေးဝန်ကြီး ဂျယ် ရမီဟန့်၏ မှတ်ချက်များက ဆက်ဆံရေးကို ထိခိုက်စေသည်ဟု ယူကေဆိုင်ရာ တရုတ်သံအမတ်က ပြောကြားသည်။
"ခရီးသည်ထိုင်ခုံ မီးလောင်မှုကြောင့် Virgin Atlantic လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရ"
နယူးယော့ခ်မှ လန်ဒန်သို့ ပျံသန်းလာတဲ့ Virgin Atlantic လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစ်စီးပေါ်မှာ ခရီးသည်ထိုင်ခုံတစ်ခု မီးလောင်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။ ဗြိတိန်အခြေစိုက် Virgin Atlantic လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်တစ်စီးပေါ်မှာ ခရီးသည်ထိုင်ခုံတစ်ခု မီးလောင်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။ ယမန်နေ့ (ဇူလိုင် ၄ ရက်) က နယူးယော့ခ်မှ လန်ဒန်သို့ ပျံသန်းလာတဲ့ အဆိုပါ ခရီးသည်လေယာဉ်ဟာ ခရီသည်ထိုင်ခုံမီးလောင်မှုကြောင့် အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့ရှိ Boston Logan အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
ဈေး ထဲလာပြီးအလစ်သုတ် ခိုးယူသူ အမျိုးသမီးစောရ အား ဈေးသူဈေးသားများ ဖမ်းပြီးရဲလက်အပ်ပေးထား
ပေါင်မြို့ ကဒါရပ်ကွက်ရှိ မင်္ဂလာဈေး ထဲတွင် ဆိုင်မှ ပိုက်ဆံပုံးအား အလစ်သုတ်ခိုးယူသူ အမျိုးသမီး စောရ တစ်ဦးကို ပတ်ဝန်းကျင်ဆိုင်ခန်းများက မြင်တွေ့ဖမ်းဆီးပြီးရဲစခန်းသို့ ပို့အပ်ထားသည်။ ဇူလိုင်၅ရက် မနက်၇နာရီကျော်အချိန်က မင်္ဂလာဈေးတွင်ကုန်ခြောက်ရောင်းသူ မခင်အေး၏ဆိုင်ခန်းဖြစ်သော(က)ရုံ အခန်း၄၀ တွင် ဆိုင်ရှင်မှ အိမ်သာသို့ ခေတ္တသွားနေခဲ့စဉ် အမျိုးသမီးတစ်ဦးရောက်လာပြီး ဆိုင်ခန်းထဲမှ ပိုက်ဆံပုံးကိုယူ၍ ထွက်သွားခဲ့ကြောင်း။
ကလေးငယ်အချက်အလက် မူဝါဒနဲ့TikTok ကို ယူကေမှာ စုံစမ်းစစ်ဆေးနေ
FTC မှ ဒေါ်လာ ၆ သန်းနီးပါး ဒဏ်ရိုက်ခံခဲ့ရတဲ့ TikTok ဟာ အခုချိန်မှာ ယူကေအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရပါတယ်။ ယူကေနိုင်ငံမှ သတင်းအချက်အလက် ကော်မရှင်နာရုံး ICO ဟာ ကလေးသူငယ်များရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး တရားစွဲခဲ့တာပါ။ ယူကေ ICO ရဲ့ အကြီးအကဲ ဖြစ်သူ အဲလစ်ဇဘတ် ဒန်ဟမ်ရဲ့ အဆိုအရ ယူကေအာဏာပိုင်တွေဟာ TikTok app ရဲ့ စာပို့ စနစ်ကို စနစ်ကို စုံစမ်းမှု လုပ်နေတာလို့ ဆိုပါတယ်။
ကျောင်းကား ကြမ်းခင်းပြားကွာကျသဖြင့် ကျောင်းသားလူငယ်တစ်ဦး မလေးရှားတွင် သေဆုံး
ကျောင်းကားတစ်စီး မောင်းနှင်နေစဉ် သံချေးကိုက်၍ ဆွေးမြေ့နေသော ကြမ်းခင်းပြားကွာကျသဖြင့် စီးနင်းလိုက်ပါလာသော အသက်(၁၂)နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်။ မလေးရှားနိုင်ငံ ကီလန်တန်မြို့မှ တေရန်ဂါနူးမြို့ဆီသို့ ကျောင်းသားလူငယ်(၃၁)ဦးကို တင်ဆောင်မောင်းနှင်လာသော ကျောင်းကားတစ်စီးတွင် ယမန်နေ့(ဇူလိုင် ၄ရက်)က ထိုသို့ဖြစ်ပွားခဲ့ခြင်းဟု ဒေသဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့ကပြောသည်။
အီရန်ရေနံတင်သင်္ဘောကို ဗြိတိန်တော်ဝင်ရေတပ်က သိမ်းဆည်း
အီရန်ရေနံတင်သင်္ဘောကို တရားမ၀င်သိမ်းပိုက်တယ်လို့ပြောတဲ့ဖြစ်စဉ်အတွက် ရှင်းလင်းပြောပြဖို့ အီရန်နိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကို အီရန်က ဆင့်ခေါ်ခဲ့ပါတယ်။ အီးယူရဲ့ပိတ်ဆို့မှုတွေကိုချိုးဖောက်ပြီး ဆီးရီးယားကိုဦးတည်နေတယ်ဆိုတဲ့သက်သေခိုင်လုံနေလို့ သိမ်းဆည်းဖို့ ဗြိတိန်နဲ့စပိန်တစ်ဝက်စီပိုင်တဲ့ဂီဘရယ်တာကျွန်းကအရာရှိတွေကို ဗြိတိန်တော်ဝင်ရေတပ်က ကူညီခဲ့ပါတယ်။အီတလီ မာဖီးယား မူးယစ်ခေါင်းဆောင်ကို ဘိုလီးဗီးယားတွင် ဖမ်းမိ
ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် အင်အား ၆ ဒသမ ၄ ရှိ ငလျင်လှုပ်
Water Bus ခရီးစဉ်ကို ပုဇွန်တောင်ချောင်းအတွင်း တိုးချဲ့ပြေးဆွဲမည်
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 5 July 2019
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၈၂၁၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၉၀၀ ကျပ် ဈေးကွာခြားပါတယ်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၈၂၁၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၉၀၀ ကျပ် ဈေးကွာခြားပါတယ်။
အီတလီတွင် မီးတောင်ပေါက်ကွဲပြီးနောက် ဒေသတွင်း နေအိမ်များအပေါ် ပြာများဖုံးအုပ်
အီတလီနိုင်ငံ စတွန်ဘော်လီကျွန်းမှာ မီးတောင်ပေါက်ကွဲပြီးနောက် ဂျီနိုစထရာကျေးရွာက နေအိမ်အဆောက်အအုံတွေအပေါ် ပြာတွေဖုံးအုပ်နေတဲ့ ဒရုန်းရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဇူလိုင် ၃ ရက်နေ့က မီးတောင်ပေါက်ကွဲပြီး ချော်ရည်တွေလည်း စီးကျခဲ့ပါတယ်။ အဲဒီ မီးတောင်ပေါက်ကွဲမှုအတွင်း ကမ္ဘာလှည့်ခရီးသွားလို့ ယူဆရတဲ့ လူတယောက် သေဆုံးခဲ့ပါတယ်။ သူဟာ လမ်းလျှောက်ထွက်လာချိန်မှာ တောင်ပေါ်က ပြုတ်ကျလာတဲ့ ကျောက်တုံးတွေ ထိမှန်ပြီး သေဆုံးခဲ့တာလို့ ကယ်ဆယ်ရေး ဝန်ထမ်းတယောက်က ပြောပါတယ်။ မီးတောင်ပေါက်ကွဲပြီး နောက်တနေ့မှာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ မြေထဲပင်လယ်ပြင်ထဲက စတွန်ဘော်လီကျွန်း ရေပြင်တခုလုံး ပြာတွေ ဖုံးသွားခဲ့တာပါ။ ဒါ့အပြင် ကျွန်းအနောက်ဘက်မှာလည်း မီးလောင်မှုတွေ ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဒိုင်နိုဆောခြေရာပေါင်း ၅၀၀၀ ကျော်ရှိသည့် ပေ ၃၀၀ အမြင့်ရှိ ကျောက်နံရံကြီး
ဆူဒန်စစ်ဘက်ကောင်စီနှင့် အတိုက်အခံကြား အာဏာခွဲဝေရေး သဘောတူညီချက်ရ
Wisdom Hillကျောင်းအမှုတွင် ဖမ်းဆီးခံနေရသည့် ယာဉ်မောင်းကို DNA ထပ်မံစစ်ဆေး
နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ အသက်၃နှစ်ခန့် အရွယ် မိန်းကလေးငယ်တဦး မဖွယ်မရာပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို သက်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့က DNA ထပ်မံ စစ်ဆေးခဲ့တယ်လို့ သူ့ရဲ့မိဘတွေက ဒီဗွီဘီကို ပြောပါတယ်။
ကယားဝန်ကြီးချုပ်၊ ၀န်ကြီးနှင့် ကြေးရုပ်ကော်မတီကို အမျိုးသားသစ္စာဖောက်အဖြစ် ကြေညာမှု နိုင်ငံရေးအရ ထောက်ပြခြင်းဟု ကရင်နီလူငယ်များပြော
ကယားပြည်နယ် ဝန်ကြီးချုပ် ၊ စီမံဘဏ္ဍာဝန်ကြီး နှင့် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကို အမျိုးသားသစ္စာဖောက်အဖြစ် ကြေညာခဲ့မှုသည် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း မဟုတ်ဘဲ နိုင်ငံရေးအရ ထောက်ပြခြင်းဖြစ်ကြောင်း ကရင်နီလူငယ်များက ပြောဆိုလိုက်သည်။ ယနေ့ ကရင်နီလူငယ် ၆ ဦး ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရုံးထုတ်စဉ် ၎င်းတို့က အထက်ပါအတိုင်းပြောဆိုလိုက်ကြခြင်း ဖြစ်သည်။
အမျိုးသားရေးအင်အားစုများက ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်
နာမည်ကြီး Annabelle သရဲကားကြည့်ပြီး ရုပ်ရှင်ရုံတွင်း သေဆုံးခဲ့သည့် အဘိုးအို
ထိုင်းနိုင်ငံမှာ အဘိုးအိုတဦးဟာ လတ်တလော ရုံတင်ပြသနေတဲ့ နာမည်ကြီးသရဲကား Annabelle ကို ကြည့်နေရင်း ရုပ်ရှင်ရုံထဲမှာ သေဆုံးသွားခဲ့တယ်လို့ ကိုကိုးနတ်စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် ညက ဖြစ်ခဲ့ပြီး သေဆုံးသူဟာ အသက် ၇၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဗြိတိန်နိုင်ငံသား အမျိုးသားတဦးဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယဘက်မှ လမ်းဖောက်မှု မြန်မာနယ်နိမိတ် ကျော်၍ ကန့်ကွက်
အိန္ဒိယ-မြန်မာနယ်စပ်တွင် အိန္ဒိယဘက်မှ ကျေးရွာချင်းဆက်လမ်းဖောက်ရာ မြန်မာဘက်ခြမ်း နယ်နိမိတ်ကျော်လွန်ခဲ့၍ သွားရောက်ကန့်ကွက်ခဲ့ကြောင်း နယ်စပ်တမူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင် ကပြောသည်။ နယ်နိမိတ်အတွင်း ကျော်လွန်နေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ တမူးမြို့ ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံပါဝင်သော အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် သွားရောက်ပြီး စစ်ဆေး ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
H1N1 ကြောင့် တောင်ပြုံးပွဲတင်ဒါခေါ်ယူမှု နောက်ကျသော်လည်း ပွဲတော်ကျင်းပမည်
ရာသီတုပ်ကွေး (H1N1)ကြောင့် တောင်ပြုံးပွဲ တင်ဒါခေါ်ယူမှု နောက်ကျနေသော်လည်း ပွဲတော် ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ကပြောသည်။ မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် နှစ်စဉ်ပြုလုပ်သော တောင်ပြုံးပွဲတော်ကို ကျင်းပရန် ယခင်နှစ်များက ပွဲမတိုင်မီ နှစ်လကျော်အလိုတွင် ပွဲကျင်းပရေးကော် မတီက တင်ဒါခေါ်ယူလေ့ရှိသည်။ သို့သော် ယခုနှစ်တွင်မူ တင်ဒါခေါ်ယူမှု နောက်ကျနေပြီး ဈေးဆိုင်ခန်း၊ ရေနှင့် သန့်စင်ခန်းလုပ်ငန်း၊ ရုပ်ရှင်ရုံ၊ ဆပ်ကပ်၊ မျက်လှည့် အပါအဝင် အခြားလုပ်ငန်းများ တင်ဒါခေါ်ယူမှုကို ယခုလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ဦးကျော်ကျော်က ပြောသည်။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇူလိုင် - ၅၊ ၂၀၁၉
ဒီကနေ့ ဇူလိုင် ၅ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၀၈ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၁၂ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၅ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၈ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၃ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၆ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၁၂၀၅၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၁၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၂၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၈၀၀ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၉၀ ကျပ်ဈေးဖြစ်ပါ တယ်။
အမတ်အဖြစ်မှ ရုပ်သိမ်းခံရသည့် ပြည်ခိုင်ဖြိုးပါတီဝင်၏အယူခံ ရှုံးနိမ့် အယူခံတွင် ထပ်မံအနိုင်ရသည့် ဒီချုပ်အမတ် လွှတ်တော်တက်ခွင့်ရ
ဆိပ်ကမ်းမဲဆန္ဒ နယ် ကြားဖြတ်ရွေးကောက်ပွဲရ လဒ်နှင့်ပတ်သက်၍ နောက်ဆုံးအ ဆင့် အယူခံလွှာတင်သွင်းမှုတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီချုပ်ကိုယ်စား လှယ်လောင်း ဦးသန်းထိုက် အောင်ကို ဆက်လက် အနိုင်ပေးခဲ့သည်။ ထို့ကြောင့် ဦးသန်းထိုက် အောင်သည် မကြာမီ ဆိပ်ကမ်းမြို့နယ် အမှတ်(၂) တိုင်းဒေသ ကြီး ကိုယ်စားလှယ်အဖြစ် လွှတ်တော်တက်ခွင့် ရတော့မည်ဖြစ် သည်။
နိုင်ငံရေးတွင် တပ်မတော်လွှမ်းမိုးမှုဆက်ရှိနေ၍ စိန်ခေါ်မှုအများအပြားရှိဟု ကုလအထူးကိုယ်စားလှယ် ထောက်ပြ တပ်မတော်သည် အစိုးရလမ်းညွှန်မှုအောက်တွင်ရှိဟု ပြောခွင့်ရပုဂ္ဂိုလ် တုံ့ ပြန်
တပ်မတော်က နိုင်ငံ ရေးတွင် လွှမ်းမိုးမှုဆက်လက်ရှိ နေ၍ စိန်ခေါ်မှုအများအပြား ရင် ဆိုင်နေရသည်ဟု ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စစ်ရှယန်နာဘာဂီနာ က ကုလသမဂ္ဂညီလာခံ၌ ပြောကြား သည်။ ဇူလိုင် ၁ ရက်က ကုလဌာန ချုပ် နယူးယောက်မြို့၌ပြုလုပ်သောညီလာခံတွင် အထက်ပါအထူးကိုယ်စားလှယ်က မြန်မာအရေးကို ရှင်းလင်းပြောကြားခဲ့ပြီး ရ
မြေယာပြဿနာအသံတိတ်ဆန္ဒဖော်ထုတ်ပွဲမှ အသုံးအနှုန်းအချို့တားမြစ်ခံရ
ကယားပြည်နယ် ဒီး မော့ဆိုမြို့တွင် ယမန်နေ့ကပြု လုပ်သည့် သိမ်းဆည်းမြေယာ ပြဿနာများ အမြန်ဆုံးဖြေရှင်း ပေးရေးအသံတိတ်ဆန္ဒထုတ်ဖော် ပွဲတွင် ‘စစ်တပ်၊ တပ်မတော်နှင့် ၀န်ကြီးချုပ်’ဟူသည့် အသုံးအနှုန်း များ အသုံးမပြုရန်တားမြစ်ခံရ ကြောင်း ဦးဆောင်သူများကပြော သည်။ အဆိုပါ အသုံးအနှုန်းများ အသုံးမပြုရန် တပ်မတော်နှင့် ဒေသအာဏာပိုင်များက တားမြစ် ခြင်းဖြစ်သည်ဟု အသံတိတ် ဆန္ဒ ထုတ်ဖော်ပွဲဦးဆောင်သူ ခွန်းလှ မင်းထွေးကပြောသည်။
အာဂျင်တီးနားမှာ အသားတင် ထရပ်ကားကို ဒေသခံတွေ လုယက်
ပြုတ်ထွက်နေတဲ့ ထရပ်ကား နောက်တွဲထဲက ဝက်သားတွေကို ဒေသခံတွေက လုယူကြတဲ့ ဖြစ်ရပ်အပေါ် အာဂျင်တီးနား လူမှုကွန်ရက် မီဒီယာတွေမှာ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ ဇူလိုင်လ ၄ ရက်က ဆန်တာဖီး မြို့နားမှာရှိတဲ့ အဝေးပြေးလမ်းပေါ်မှာ ဝက်သားတွေ တင်လာတဲ့ ထရပ်ကား နောက်တွဲ ပြုတ်ထွက်မှု ဖြစ်ပွားခဲ့ပါတယ်။ အကောင်လိုက် အသားဖျက်ထားတဲ့ ဝက်သားတချို့ လမ်းပေါ် ပြုတ်ကျခဲ့ရာက ဒေသခံတွေက အလုအယက် ကောက်ယူခဲ့ကြတာပါ။
ပညာရေးဆိုင်ရာ လက်မှတ်အတုပြုလုပ်သည့် ကုမ္ပဏီတစ်ခုကို အမှုဖွင့်
တာမွေမြို့နယ်တွင် တက္ကသိုလ်အောင်လက်မှတ်အ တု၊ တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်အတုနှင့် တက္ကသိုလ်ဝင် တန်းအမှတ်စာရင်း အတုပြုလုပ် သည့် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီတစ်ခုကို ဇူလိုင် ၃ ရက်က အမှုဖွင့်အရေးယူထားသည်။ ယမန်နှစ် ဒီဇင်ဘာက အ မျိုးသမီးသုံးဦး တရုတ်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် တာမွေမြို့နယ် ပျားရည်ကုန်းရပ် ကွက်ရှိ Five Four Two အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီသို့ ဆက်သွယ်ခဲ့ရာ ယင်းကုမ္ပဏီက တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်အတု၊ အမှတ်စာရင်းအတုနှင့် တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်အောင်လက်မှတ်အတုများ ပြုလုပ်ပေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
"ပုဂံဒေသ ယူနက်စကိုအမွေအနှစ်စာရင်းဝင်ရန် သေချာနေပြီဟုဆို"
ပုဂံဒေသကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ရာနှုန်းပြည့်သေချာနေပြီဖြစ်ကြောင်း အဇာဘိုင်ဂျန်နိုင်ငံ၌ ပြုလုပ်နေသည့် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးသို့ တက်ရောက်နေသော မြန်မာကိုယ်စားလှယ်အဖွဲ့က 7Day Daily သတင်းစာသို့ ယနေ့ မွန်းလွဲပိုင်းတွင် ပြောကြားသည်။
ပြည်နယ်တိုင်းတွေမှာ လဝက ဝန်ကြီးဌာန တိုးချဲ့လိုက်တဲ့အပေါ် ပါတီ ၂၃ ခု ပူးတွဲကြေငြာချက်ထုတ် တုန့်ပြန်
ပြည်နယ်နဲ့တိုင်းတွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒကို ကျော်လွန်ပြီးလုပ်ဆောင်တာဖြစ်တယ်လို့ နိုင်ငံရေးပါတီအစုအဖွဲ့တွေက သဘောထားထုတ်ပြန်ကြေငြာ လိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအပါအ၀င် ပါတီပေါင်း ၂၃ ခုရဲ့ ပူးတွဲသဘောထားထုတ်ပြန်ကြေငြာတဲ့ သတင်းစားရှင်းလင်းပွဲတစ်ခု ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဝက်စ်ဟမ်းတိုက်စစ်မှူး အာနော်တိုဗစ် တရုတ်ကလပ်သို့ ပြောင်းရွှေ့လိုကြောင်း ပြော
ဝက်စ်ဟမ်းတိုက်စစ်မှူး အာနော်တိုဗစ်ဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ပြောင်းရွှေ့လိုကြောင်း ပြီးခဲ့တဲ့ရက်က တရားဝင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာနော်တိုဗစ်ဟာ လွန်ခဲ့တဲ့ ၅ လလောက်ကမှ မြောက်လန်ဒန်ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် တရုတ်ကလပ်ရဲ့ တကျော့ပြန် စိတ်ဝင်စားလာတာကိုတော့ လက်လွှတ်မခံချင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
မြောင်းမြ ရေရရှိရေးစီမံကိန်းများ ဒေသခံပြည်သူများထံ ပြန်လွှဲ
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 4 July 2019
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၁၈၀၀ ပေါက်ဈေးရှိ ပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၁၂၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)က ပိဿာ ၆၀ ၀င်တအိတ်ကို ၈၈၃၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)တစ်အိတ်ကို ၉၈၀၀၀ ကနေ ၉၉၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁၀၇၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၁၈၀၀ ပေါက်ဈေးရှိ ပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၇၈၀၀၀ ကနေ ၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၁၂၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(ဟောင်း)က ပိဿာ ၆၀ ၀င်တအိတ်ကို ၈၈၃၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)တစ်အိတ်ကို ၉၈၀၀၀ ကနေ ၉၉၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁၀၇၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။
အောင်လအန်ဆန် နိုင်ငံတကာဖိုက်တာဆု ချီးမြှင့်ခံရ
တပ်သိမ်းမြေပြန်လည်ရရှိရေး ဒီးမော့ဆိုတွင် တောင်သူများအသံတိတ်ဆန္ဒပြ
လမ်းပတ်ကို ချယ်လ်ဆီးအသင်းနည်းပြချုပ်အဖြစ် ခန့်အပ်
ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်း၊ လူဦးရေ ၁ သန်းကျော် ဘေးလွတ်ရာရွှေ့ရန် အမိန့်ထုတ်
ပလတ်စတစ်အိတ် အသုံးမပြုရေးနေ့ အထိမ်းအမှတ် တအိတ်ကို ၁ ဘတ်နှုန်းကောက်ခံ
နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင် တက်ရောက်နေသည့် အသက် ၂ နှစ်နှင့် ၁၁ လ အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်အား လိင်အကြမ်းဖက်ခံရသည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် အောင်ကြီးဆိုသူ၏ ဖခင်နှင့် ဆက်သွယ်မေးမြန်းခြင်း
လူအများစိတ်ဝင်စားနေသည့် နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင် တက်ရောက်နေသည့် အသက် နှစ်နှစ်နှင့် ၁၁ လအရွယ်သာရှိသေးသည့် မိန်းကလေးငယ်တစ်ဦးမှာ လိင်အကြမ်းဖက်ခံခဲ့ရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အဆိုပါကျောင်းမှ ကြီးကြပ်သူ ဒေါ်ဥမ္မာလှိုင်၏ ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး (ခ) အောင်ကြီးဆိုသူအား ဒက္ခိဏခရိုင်တရားရုံးတွင် ဇူလိုင် ၄ ရက်က တရားစွဲဆိုခဲ့သည်။ အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး အများပြည်သူများအကြားတွင် ဝေဖန်မှုများ ရုတ်ခြည်းမြင့် တက်လာခဲ့သည်ကို တွေ့ရသည်။
တရုတ် အရှေ့မြောက်ပိုင်းတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူခြောက်ဦး သေဆုံး
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်တွင် ဇူလိုင် ၃ ရက်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့ခြင်းကြောင့် လူခြောက်ဦးသေဆုံးခဲ့ပြီး လူ ၁၉၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CCTV သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ လူပေါင်း ၅၀ဝ၀ဝ၀ ဝန်းကျင်နေထိုင်သည့် ခိုင်ယွမ်မြို့တွင် လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ် ၃၆၀ဝ နီးပါးပျက်စီးခဲ့ပြီး မြို့နေပြည်သူ ၉၉၀ဝ ကျော် သဘာဝဘေးဒဏ်ခံစားခဲ့ရကြောင်း CCTV သတင်းဌာနက ဆိုသည်။ CCTV ၏ တရားဝင် CCTV စာမျက်နှာတွင် ထုတ်လွှင့်ခဲ့သော ရုပ်သံဗီဒီယိုတစ်ခု၌ ခိုင်ယွမ်မြို့ အထူးစီးပွားရေးဇုန်အတွင်းရှိ အဆောက်အအုံအများအပြား ပြိုကျပျက်စီးနေမှုကို တွေ့မြင်ခဲ့ရသည်။ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခြင်းများသည် တရုတ် အရှေ့မြောက်ပိုင်းဒေသတွင် မြင်တွေ့ရခဲသည့် သဘာဝဘေးအန္တရာယ်ဖြစ်ကြောင်း Global Times သတင်းစာတွင် ဖော်ပြထားသည်။ဂျပန်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် မြေပြိုမှုများဖြစ်ပွားနိုင်သည့် အခြေအနေနှင့်ရင်ဆိုင်နေရ
ဂျပန်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေခြင်းကြောင့် ဇူလိုင် ၄ ရက်၌ ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားလာနိုင်သည့် အခြေအနေအတွက် သတိထားနေကြပြီး လူတစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ဂျပန်အာဏာပိုင်များက ညွှန်ကြားထားသည်။ ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ထားသော်လည်း ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ကာဂိုရှီမာဒေသရှိ ခိုလှုံရေးစခန်းများ၌ လူ ၃၀ဝ၀ ခန့်သာရှိနေသည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့်သီတင်းပတ်ကုန်က မိုးစတင် ရွာသွန်းမှုများအတွင်း မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး မြေပိခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး ဇူလိုင် ၄ ရက် အစောပိုင်းက ပျောက်ဆုံးနေသည့် နောက်ထပ်အမျိုးသမီးတစ်ဦးမှာလည်း သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် အသေးစားမြေပြိုမှုများကြောင့် ကားများ မြေပိခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဗစ်တိုးရီးယားအမှု ပြန်လွှတ်ပေးထားသည့် ယာဉ်မောင်းကို ထပ်မံဖမ်းဆီး တရားစွဲဆို
ဗစ်တိုးရီးယားအမှု၏သံသယတရားခံကို ထုတ်ပြန်လိုက်ပြီးနောက် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားမှုအချို့
- ခိုင်မာသည့်သက်သေပြချက် ဗစ်တိုးရီးယားမိသားစုသိရှိလို
- မတရားစွပ်စွဲခံရခြင်းသာဖြစ်ပြီး ငွေကြေးကြောင့် လူစားဝင်ခြင်းမျိုးမဟုတ်ဟု အောင်ကြီး၏ မိသားစုအာမခံ
- သတင်းထုတ်ပြန်ချက်အပေါ် ပြည်သူအများစု သံသယရှိ
Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး ကို မဖွယ်မရာ ပြုကျင့်ခံရသည့်အမှု၏ တရားခံအဖြစ် ကျောင်းအုပ်ချုပ် ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကိုရဲတပ်ဖွဲ့က ဖမ်းဆီး၍ တရားစွဲတင်လိုက်ပြီဟု ဒက္ခိဏခရိုင် တရားရုံး၊ ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြုသည်။
- ခိုင်မာသည့်သက်သေပြချက် ဗစ်တိုးရီးယားမိသားစုသိရှိလို
- မတရားစွပ်စွဲခံရခြင်းသာဖြစ်ပြီး ငွေကြေးကြောင့် လူစားဝင်ခြင်းမျိုးမဟုတ်ဟု အောင်ကြီး၏ မိသားစုအာမခံ
- သတင်းထုတ်ပြန်ချက်အပေါ် ပြည်သူအများစု သံသယရှိ
Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး ကို မဖွယ်မရာ ပြုကျင့်ခံရသည့်အမှု၏ တရားခံအဖြစ် ကျောင်းအုပ်ချုပ် ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကိုရဲတပ်ဖွဲ့က ဖမ်းဆီး၍ တရားစွဲတင်လိုက်ပြီဟု ဒက္ခိဏခရိုင် တရားရုံး၊ ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြုသည်။
တရားခံပြေးမှုမှာ တရားရုံးက ဘာလုပ်နိုင်သလဲ
ရာဇ၀တ်ပြစ်မှု တစ်ခုခုကျူးလွန်ကြောင်း တိုင်တန်းခြင်း ခံရ၍ ငြိစွန်းပေါ်ပေါက်သူကို ရဲတပ်ဖွဲ့ က ဖမ်းဆီး၍ အချုပ်နှင့်ဖြစ်စေ၊ အာမခံနှင့်ဖြစ်စေ တရားစွဲတင်ပို့ ရပါသည်။ တရားခံဖမ်းမမိပါက တရားခံပြေးမှုပြုလုပ်၍ တရာရုံး သို့ တင်ပို့ရပါသည်။ ရဲအရေးမပိုင်သောအမှုဖြစ် ပါက နစ်နာသူက တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ စွဲဆိုရ သည်။ တိုင်လျှောက်သူအား ရုံးကကျမ်းသစ္စာပြုစေ၍ ချက်ချင်းစစ် မေးရသည်။ ၎င်းထွက်ဆိုချက် အရ ဆက်လက်စစ်ဆေးရန် လုံ လောက်သည့် အခြေအမြစ်မရှိဟု ယူဆလျှင် အမှုကို ပလပ်ရသည်။ အမှုကို အရေးယူရန် လုံလောက် သည့်အကြောင်းရှိလျှင်မူ စွပ်စွဲခံရသူကို ဆင့်ဆိုရသည်။ ကနဦးကပင် ဝရမ်း (War-rants) ထုတ်ပေးရမည့်အမှုဖြစ်ပါ က ဖမ်းဝရမ်းထုတ်ဆင့်ရသည်။ ရဲက ဖမ်းဆီးတင်ပို့ရသည်။
ကျဆုံးနေသည့်နိုင်ငံများနှင့် လုပ်နိုင်စွမ်းထောင်ချောက်
အခြေခံကျသော အခြေအနေရပ်များနှင့် တာဝန်ဝတ္တရားမျာကို အချုပ်အခြာအာဏာပိုင်နိုင်ငံ၏ အစိုးရတစ်ရပ်က မှန်ကန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတော့သည့်အခါ ယင်းနိုင်ငံများကို ကျဆုံးနေသည့် နိုင်ငံများ (Failed State) ဟု ခေါ်ဆိုသည်။ အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်တာများကို မှန်ကန်စွာ ဆောင်ရွက်နေသည့်တိုင် ယင်းအစိုးရအဖွဲ့အနေဖြင့် တရားဝင်မှု ဆုံးရှုံးသွားလျှင်လည်း ယင်းနိုင်ငံကို ကျဆုံးနေသည့် နိုင်ငံဟု ခေါ်ဆိုနိုင်သည်။ တည်ငြိမ်သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ၎င်း၏ အစိုးရသည် ထိရောက်မှုနှင့် တရားဝင်မှုနှစ်ရပ်စလုံး ရှိရမည်ဖြစ်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံအနေဖြင့် ချည့်နဲ့သွားပြီး လူနေမှုအဆင့်အတန်းများ ကျဆင်းလာသည့်အခါ ကျဆုံးနေသည့် နိုင်ငံဖြစ်လာရန် အလားအလာ စတင်ပြီဟု ဆိုနိုင်သည်။ The Fund for Peace အဖွဲ့က ကျဆုံးနေသည့်နိုင်ငံများ၏ လက္ခဏာရပ်မျာကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
လင်မယားနှစ်ဦးအား ဓါတ်တိုင်ကြွေသီးဖြင့် ရိုက်သတ်ခဲ့သော သားအဖနှစ်ဦးအမှုအား ပဲခူးတိုင်းတရား လွှတ်တော်သို့ပြင်ဆင်မှုတက်ထားကြောင်းသိရ
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က လင်မယားနှစ်ဦးအား သားအဖနှစ်ဦးက ရန်ကုန်-မန္တလေး လမ်းမဟောင်းဘေး လူမြင်ကွင်းမှာမသေမချင်းရိုက်သတ်ခဲ့သောဖြစ်စဉ်နဲ့ပတ်သက်ပြီး တောင်ငူခရိုင်တရားရုံး မှာ စွဲချက်တင်ထားတဲ့ ပုဒ်မများအား ပဲခူတိုင်းဒေသကြီး တရားလွှတ်တော်သို့တရားလိုတရားခံ နှစ်ဖက်လုံးက ပြင်ဆင်မှုတက်ထားတယ်လို့သိရပါတယ်။
သြစတြေးလျအပါအ၀င် ၆ နိုင်ငံကို ဆိုက်ရောက်ဗီဇာ စမ်းသပ်ကာလ ၁ နှစ် ခွင့်ပြုပေးမည်
သြစတြေးလျနှင့် ဥရောပနိုင်ငံတချို့အပါအ၀င် နိုင်ငံ ၆ နိုင်ငံကို မြန်မာနိုင်ငံကနေ ၂၀၁၉ ခု အောက်တိုဘာ ၁ ရက်နေ့ကစပြီး စပ်သပ်ကာလ ၁ နှစ်သတ်မှာကာ ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားဖို့ရှိနေပါတယ်။ သြစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ စပိန်နဲ့ ဆွစ်ဇာလန်နိုင်ငံတို့က သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားမှာဖြစ်ပါတယ်။
အမေရိကန်တွင် အရက်စည်သိုလှောင်ရုံတရုံ မီးလောင်
ကိုလံဘီယာအစိုးရ သူပုန်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိ
ကိုလံဘီယာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခဲ့ပြီး နောက်တကြိမ် ထပ်ဆွေးနွေး ချင်သေးတယ်လို့ အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ELN) သူပုန်အဖွဲ့ ကိုယ်စားလှယ်က ပြောပါတယ်။ ကျူးဘားနိုင်ငံ ဟာဗားနားမြို့မှာ ဇူလိုင်လ ၃ ရက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။ေ ထာင်ချီတဲ့ တိုက်ခိုက်ရေး သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ELN သူပုန်အဖွဲ့ကို အမေရိကန်နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။
Wisdom Hill ကျောင်းအမှုနှင့်ပတ်သက်၍ ယာဉ်မောင်းအမျိုးသားကို ဖမ်းဆီးတရားစွဲ
နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလကကျောင်းမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် တဦး မဖွယ်မရာပြုကျင့်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ယာဉ်မောင်းအမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဒီကနေ့ ဇူလိုင် ၄ ရက်မှာ ဖမ်းဆီးတရားစွဲလိုက်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ယာဉ်မောင်းဖြစ်သူကို ပုဒ်မ ၃၇၆ နဲ့ စတင်တရားစွဲဆို ရမန်ယူပြီး အကျဉ်းထောင်ကို ပို့ဆောင် လိုက်ပြီလို့ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိခရိုင် ဒုတိယခရိုင် တရားသူကြီး ဦးညိုဌေး က ပြောပါတယ်။
ထိုင်းတွင် ကျင်းပမည့် နာမည်ကြီး Westlife ရှိုးပွဲလက်မှတ် ဘတ် ၂၅၀၀ မှစတင်ရောင်းချ
Wisdom Hill ကျောင်းအမှုကိစ္စ ဒုခရိုင် တရားသူကြီး ဦးညိုဌေးဖြေကြားချက်
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင် ပတ်လမ်းစီမံကိန်း လုပ်ကိုင်ခွင့်ရကုမ္ပဏီကို လာမည့်အောက်တိုဘာတွင် ထုတ်ပြန်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၌ စီမံကိန်းစတင်မည်
ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရကုမ္ပဏီကို လာမည့်အောက်တိုဘာတွင် ထုတ်ပြန်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်းစတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။ “ဒီစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရရှိသူကို လာမယ့်အောက်တိုဘာမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ယူကရိန်းတွင် ရင်နှီးမြှုပ်နှံရန် သမ္မတသစ် ဖိတ်ခေါ်
မီတာခတိုးမြှင့်ကောက်ခံခြင်းကြောင့် စားသောက်ကုန်ဈေးနှုန်းတချို့ ယခင်ထက်မြင့်တက်လာ
မီတာခတိုး မြှင့်ကောက်ခံခြင်းကြောင့် စားသောက် ကုန်ဈေးနှုန်းတချို့ ယခင်ထက်မြင့် တက်မှုရှိလာကြောင်း သိရသည်။ အဆိုပါမီတာခတိုးမြှင့်ကောက် ခံခြင်းကြောင့် ကုန်ကျစရိတ်ပိုမိုမြင့် တက်ကာ စားသောက်ကုန်တချို့၏ ဈေးနှုန်းများ ယင်းသို့မြင့်တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သာကေ တမြို့နယ်တွင်နေထိုင်သူ ဒေါ်နီနီက""မီတာခမြင့်တက်တယ်ဆိုတာနဲ့ ကုန် ဈေးနှုန်းက လိုက်တက်လာတာပါပဲ။ လတ်တလောမှာ ဆန်၊ ဆီ၊ ဆားဈေး နှုန်းတွေက သိပ်မတက်ပေမယ့် အန် တီသုံးတဲ့ ငရုတ်အလှော်တောင့်၊ ဂေါ်ဖီတို့ ကြက်သွန်၊ ငါး၊ ကြက်သား ဈေးတွေက တက်လာတယ်။ အန်တီ က မုန့်ဟင်းခါး၊အသုပ်ဆိုင်ဖွင့်ထား တာပါ။ ဒါတွေကအမြဲသုံးနေရတာ။
ခွေးအကိုက်ခံရသူလူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိ
ခွေးအကိုက် ခံရသောလူနာများအတွက် ခွေး ရူးပြန်ရောဂါ ကာကွယ်ဆေးရရှိ စေရန်နှင့် အခမဲ့ထိုးပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု ရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြော သည်။ ဇူလိုင်၃ရက် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးတွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒ နယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး ခွေးရူးပြန်ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ် လျဉ်း၍ဝန်ကြီးဦးနိုင်ငံလင်းက အ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
သက်ငယ်မုဒိန်းမှုပပျောက်ရေး တောင်ကြီးမှာ ဆန္ဒဖော်ထုတ်မယ်
သက်ငယ်မုဒိန်းမှုပပျောက်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲကို ဇူလိုင် ၆ရက်နေ့ မနက် ၉နာရီမှာ လူအင်အား ၁၀၀ဦးခန့် နဲ့ တောင်ကြီးမြို့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဆန္ဒဖော်ထုတ်ပွဲကို တောင်ကြီးမြို့က ဒုတိယနှစ် ( သမိုင်း) ကျောင်းသား မင်းသုတထွန်းက ဦးဆောင်ပြီး သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံဘေးမှာ စုရပ်ပြုလုပ်ကာ မြို့မဈေးမီးပွိုင့်မှ စူဠာမုနိဘုရားရင်ပြင်တော်ပေါ်အထိ လမ်းလျှောက် ချီတက်ကာ ဆန္ဒဖော်ထုတ်သွားမယ်လို့ သိရပါတယ်။
ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားစေမယ့် နည်းလမ်း (၃) ချက်
လူတစ်ယောက် ကျန်းမာဖို့၊ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့၊ စိတ်ပျော်ရွှင်စေဖို့ တစ်နေ့တာ ပြည့်ဝစွာအိပ်စက်အနားယူဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လည်း လူဆိုတာ စိတ်ဖိစီးမှုတွေ၊ အတွေးတွေ၊ အလုပ်တွေကို အိပ်ရာထဲထိ ယူလာတတ်ကြတယ်မလား။ လူငယ်တွေကျတော့လည်း ညမိုးချုပ်တဲ့အထိ ဖုန်းသုံးနေရင်းနဲ့ အချိန်ကုန်လို့ကုန်မှန်းမသိ ညနောက်ကျမှအိပ်၊ ကြာလာတော့ ညဘက်စောစောအိပ်ရမယ်ဆိုရင် ဘယ်လိုမှအိပ်လို့မပျော်တော့ဘူးလေ။ ဒီလိုမျိုး ညဘက်မှာ တော်ရုံနဲ့အိပ်မပျော်တတ်တဲ့ ညဥ့်ငှက်လေးတွေအတွက် အမြန်အိပ်ပျော်စေမယ့် နည်းလမ်း (၃) ချက်ကို ပြောပြပေးချင်ပါတယ်။
Wisdom Hill မူကြိုကျောင်းသူ မုဒိမ်းမှု သံသယ တရားခံရဲ့ မိဘတွေ တုံ့ပြန်မှု
နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၃ နှစ်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦး သက်ငယ်မုဒိမ်း ပြုကျင့်ခံခဲ့ရတယ်လို့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၄ ရက်မှာ အဲဒီမူကြိုကျောင်းက ကြီးကြပ်ရေးမှူး ဆရာမရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီး ဆိုသူကို ဖမ်းဆီးပြီး နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။ သူဟာ ပထမဦးဆုံး သံသယရှိသူအဖြစ် မှုခင်းရဲတပ်ဖွဲ့ စီအိုင်ဒီက မေလ ၃၀ ရက်မှာ ဖမ်းဆီး စစ်ဆေးပြီးခံရပြီးမှ အမှုပေါ်ပေါက်တာမရှိလို့ဆိုပြီးတော့ ဇွန်လ ၂၄ရက်နေ့က ပြန်လွှတ်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။ Wisdom Hill မူကြိုကျောင်းသူ သက်ငယ်မုဒိမ်းမှု သံသယရှိသူကို မိပြီ၊ ဘယ်လိုဆက်လုပ်မလဲ
Subscribe to:
Posts (Atom)



