ကနီမြို့မှ ယင်းကျေးရွာအ ထိချင်းတွင်းမြစ်အနောက်ဘက်ခြမ်းကို ကားလမ်းဖောက်လုပ်ခဲ့သောကြောင့်ကျေးရွာ ၁၅ ရွာခန့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့နိုင်ပြီး ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး အထောက်အကူပြုကြောင်း ၎င်းကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦး အောင်သူဦးက ‘‘လမ်းပေါက်သွား တဲ့အတွက် စဖိုကြီးရေတံခွန်အနီး တစ်ဝိုက်က ဒေသခံတွေအလုပ်အ ကိုင်အခွင့်အလမ်းပိုရတယ်။ ရေ တံခွန်အနီးမှာ သစ်ပင်တွေလည်း စိုက်နေကြပြီ။ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိအောင် စနစ် တကျထိန်းသိမ်းပြီးဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ ဖွင့်လို့ရ မယ်။ ဒေသထွက်အစားအစာနဲ့ လက်ဆောင်ပစ္စည်းတွေရောင်း လို့ရမယ်’’ ဟု ပြောသည်။ ကနီမြို့နယ်အတွင်း တွင်း မအင်းနှင့် စဖိုကြီးရေတံခွန်ကို ခရီးသွားဒေသအဖြစ်ဖော်ဆောင် ရန် စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအ ဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးကပြောသည်။
No comments:
Post a Comment