

ကျိုင်းတုံမြို့ သီလဓမ္မ ကုန်းသာတောရ ကျောင်းထိုင် ဆရာတော် ဦးကောဝိဒ (ဝစီပိတ်ဆရာတော်)ရဲ့ သက်တော် ၆၁နှစ်ပြည့် ဝိဇာတမွေးနေ့ ကုသိုလ်အဖြစ် ပန်ကွဲကျေးရွာ၊ ဗုဒ္ဓဥယျာဉ် သုံးထပ်ကျောင်းမှာ ပြည်သူဦးရေတစ်ထောင်ကို အသည်းရောင်ရောဂါ(B)ကာကွယ်ဆေး အခမဲ့ ထိုးပေးခဲ့ပါတယ်။ တပ်မတော်ဆေးရုံနဲ့ ပြည်သူ့ဆေးရုံတို့က ပူးပေါင်းပြီး ခေတ်မီစက်ကိရယာတွေ၊ ဆေးပစ္စည်းတွေနဲ့ ဆရာဝန်၊ သူနာပြုတွေကဆောင်ရွက်ပေးမှာဖြစ်ပြီး မည်သူမဆိုလာရောက်ဆေးထိုးနိုင်တယ်လို့ သိရပါတယ်။ အဲဒီနောက် ဒီနေ့ မွန်းလွဲ ၁ နာရီကစတင်ပြီး ကျိုင်းတုံမြို့ မြို့တော်ခန်းမမှာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပလျှက်ရှိပါတယ်။ နက်ဖြန် မေလ ၁၄ ရက် နံနက်ပိုင်းမှာတော့ ဆရာတော်ရဲ့ သက်တော် ၆၂နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာနဲ့ ဥပသမ္ဗကံတောင် သိက္ခာထပ် မင်္ဂလာအခမ်းအနားကို ၀စီပိတ်ကျောင်းတိုက်မှာ ကျင်းပမှာဖြစ်ပါတယ်။
No comments:
Post a Comment