
"အဝေးသင်ကျောင်းသားတွေဆိုတာက ၀န်ထမ်းတွေများတာပါ၊ အလုပ်တစ်ဖက်နဲ့ကျောင်းတက်ရတဲ့ကျောင်းသားတွေကို အခုစနစ်သစ်က ၅ ရက်နှစ်ခါခွဲပြီးတက်ရမယ်လို့ဆိုလာတယ်၊ ဒါဟာ ကျောင်းသားတွေအတွက် ဘယ်လိုမှအဆင်မပြေပါဘူး၊ အဆင်မပြေဘူးဆိုတာသိစေချင်လို့ အခုကမ်းပိန်းလုပ်တာပါ" လို့ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှပြန်ကြားရေးတာဝန်ခံကိုမျိုးချစ်ဇော်ကပြောပါတယ်။
အသစ်ပြင်ဆင်ပြောင်းလဲလိုက်တဲ့ အဝေးသင်ပညာရေးစနစ်မှာ အရင်တုန်းက အနီးကပ် ၁၀ရက်ကို တစ်ခါထဲတက်ရမယ့်အစား Orientation ၅ ရက် နဲ့ အနီးကပ် ၅ ရက်ဆိုပြီး နှစ်ခါခွဲပြီးတက်ရမယ်လို့ပြဋ္ဌာန်းလိုက်တဲ့အပေါ် ကျောင်းသားတွေကမကျေမနပ်ဖြစ်နေကြပြီး ဒီအတွက်လည်း ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများ အဖွဲ့ချုပ်)က ဦးဆောင်ပြီး မကျေနပ်ကြောင်းပြသတဲ့အနေနဲ့ လှုပ်ရှားခဲ့ကြတာလို့ သိရပါတယ်။
"၅ ရက်စီခွဲတက်ရမယ်ဆိုတော့ အဆောင်စရိတ် သွားလာရေးကအစ အခက်အခဲဖြစ်တယ်၊ နောက်တစ်ခုက အလုပ်ရှင်တွေနဲ့အလုပ်သမားတွေကြားမှာ အဆင်မပြေမှုတွေဖြစ်လာမယ် အဝေးသင်တက်တဲ့ကျောင်းသားက လုပ်ငန်းခွင်ဝင်နေသူတွေများတာလေ၊ ဒီအတွက် ကျွန်တော်တို့အဆင်မပြေဘူး" လို့ ရတနာပုံတက္ကသိုလ်အဝေးသင်တက္ကသိုလ်အဝေးသင်ကျောင်းသားကိုသူရိန်မိုးကပြောပါတယ်။
"ဒီလိုကျောင်းတွင်းလှုပ်ရှားမှုနဲ့အဆင်မပြေရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းသားတွေစုစည်းပြီး ဆန္ဒဖော်ထုတ်သွားကြမှာပါ" လို့လည်းကိုမျိုးချစ်ဇော်က Popular News ကိုပြောပါတယ်။
No comments:
Post a Comment