ဒါပေမဲ့ ကျွန်တော်တို့က သူတို့ပွဲတွေကို သွားပြီးကန့်လန့် တိုက်တာမဟုတ်ပါဘူး။ သူတို့က လည်းပညာရှင်တွေပါ။ ကျွန် တော်တို့ကို ရုပ်ရှင်ရုံထဲ ပြန်ခေါ် နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုတဲ့သ ဘောနဲ့ ဒီပွဲလေးကို လုပ်ပေးဖြစ် တာပါ’’ ဟု ပြောသည်။
အဆိုပါဆုချီးမြှင့်ပွဲတွင် ခီ မောင်နှံ(သရုပ်ဆောင်ဇဏ်ခီနှင့် ဒါရိုက်တာခရစ်(စ)တီးနားခီ)နှင့် မီမောင်နှံ(ဒါရိုက်တာဏကြီးနှင့် သရုပ်ဆောင်ပိုင်ဖြိုးသု)တို့အား ဂုဏ်ပြုသည့်ဆုအပြင် ကျပ်သုံး ဆယ့်နှစ်သိန်းခုနစ်သောင်းခန့်စီ ချီးမြှင့်ခဲ့သည်။
ဒါရိုက်တာခရစ်(စ)တီးနား ခီက ‘‘အခုလို ပြည်သူ့အကယ်ဒမီ ဆိုပြီး အလုပ်ရှုပ်ခံပြီး လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အရမ်းဝမ်းသာတယ်။ လမ်း ကြောင်းနှစ်ခုရှိနေတဲ့အထဲမှာမှ အစ်မတို့က နောက်ထပ်လမ်း ကြောင်းတစ်ခုအနေနဲ့ ရပ်တည် နေရတယ်။ ရပ်တည်နေတဲ့အချိန် မှာ ပရိသတ်က ရုပ်ရှင်ကိုလာ ထွက်ကြည့်တယ်။ အမှန်အတိုင်း ပြောရရင် နှစ်စကဆိုတော့ တော် တော်များများက ထင်ကြတာက အစ်မတို့ရုပ်ရှင်ကို မေ့သွား လောက်ပြီ။ အစ်မတို့ကို တချို့က လည်း ပေါ်ပင်လို့တောင် ထင်ကြ တယ်။ အစ်မတို့နှစ်ယောက်က ဒီရုပ်ရှင်တွေကို ထပြီးပေါ်ပင်လို့ ထင်ပေမယ့် တကယ့်အကယ်ဒမီ ပေးပွဲလည်းကျရော ပေါ်ပင် မဟုတ်ဘူးဆိုတာကို ထွက်ပြော ပြပေးတဲ့အတွက် အစ်မတို့လည်း အလုပ်လုပ်ရတာ ပိုအဆင်ပြေ လာတယ်။ ပိုပျော်လာရတယ်။ လျှောက်နေရတဲ့လမ်းကြောင်းမှာ အားအင်တွေပိုဖြစ်လာရတယ်။ ယုံကြည်မှုတွေ ပိုလာရတယ်’’ ဟု ပြောသည်။
ပြည်သူက ချီးမြှင့်သည့် ပြည်သူ့အကယ်ဒမီသည် ၁၉၆၀ က တစ်ကြိမ်ချီးမြှင့်ဖူးသကဲ့သို့ ယခုအကြိမ်သည် ဒုတိယမြောက် ဖြစ်သဖြင့် ပိုမိုဂုဏ်ယူရကြောင်း သရုပ်ဆောင်ဇဏ်ခီက ပြော သည်။
‘‘ကျွန်တော်တို့သွားတဲ့လမ်း က အခုဆိုရင် နေရာတစ်ခုကို ရောက်နေပေမယ့် မတူညီတဲ့ လမ်းပေါ်မှာရှိနေတယ်လို့ ခံစား ရတယ်။ ဒီလိုမျိုးမတူတဲ့ရုပ်ရှင် တွေဖန်တီးပြီး မတူတဲ့အက်တင် တွေချပြတဲ့အချိန်မှာ အင်နဲ့အား နဲ့ ထွက်လာပြီး Support လုပ်တဲ့ အတွက် ကျွန်တော်တို့အခုရတဲ့ ဆုကြီးက တကယ့်ကိုအကြီးကြီး ပါပဲ။ ရှေ့လျှောက်သွားမယ့်လမ်း တွေအတွက် အားဖြစ်စေပါတယ်’’ ဟု ဇဏ်ခီက ပြောသည်။
ပြည်သူကပေးသည့် အ ကယ်ဒမီဖြစ်သဖြင့် နောက်ဆက် လုပ်မည့်အလုပ်များအတွက် အားဖြစ်စေသကဲ့သို့ မိမိကိုယ် ကိုယ်ယုံကြည်မှုပိုရှိလာကြောင်း ဒါရိုက်တာဏကြီးက ပြောသည်။ ‘‘ပရိသတ်ကို အဓိကကျေး ဇူးတင်ရမယ်။ နယ်ကနေလည်း လှမ်းထည့်ကြတယ်။ ဒီကိုလည်း လာတွေ့ကြတယ်။ တအားဝမ်း သာပါတယ်’’ဟု ဒါရိုက်တာ ဏကြီးကပြောသည်။
သရုပ်ဆောင်ပိုင်ဖြိုးသုက လည်း မီဇာတ်ကားနှင့်ပတ်သက် ပြီး အကြိမ်ပေါင်းများစွာဝန်းရံပေး သည့် ပရိသတ်များကို ကျေးဇူး တင်ကြောင်း ပြောသည်။ မီမောင်နှံသည် အဆိုပါဆု ကြေးငွေများကို အနုပညာလော ကထဲမှ နာမကျန်းဖြစ်နေသည့် ငွေကြေးချို့တဲ့သူများအား ပြန် လည်လှူဒါန်းမည်ဖြစ်ပြီး ခီမောင် နှံသည် ဖောင်ဒေးရှင်းမတည်ငွေ အဖြစ် အသုံးပြုကာ လိုအပ်သည့် နေရာများတွင် လှူဒါန်းမည်ဖြစ် သည်။
No comments:
Post a Comment