‘‘ကုလသမဂ္ဂအနေနဲ့ စစ်ရှောင်တွေကို ကူညီဖို့ရန်ပုံငွေ အသင့်ရှိတယ်ဆိုတာကို သူက ပြောပါတယ်’’ ဟု ၎င်းကပြော သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုတွင် လူသား ချင်းစာနာထောက်ထားမှု အကူ အညီလိုအပ်နေသူတိုင်းထံ အကူ အညီများရောက်ရှိရေး ဆွေးနွေး တိုင်ပင်ခဲ့ကြောင်းလည်း မစ္စမူ လာက ၎င်း၏တွစ်တာစာမျက်နှာ တွင် ယမန်နေ့က ရေးသားခဲ့ သည်။ ၎င်းအနေဖြင့် စစ်ဘေးဒုက္ခ သည်များကို တွေ့ဆုံရန် ဆန္ဒရှိ သော်လည်း လုံခြုံရေးအခြေအနေ အရ ပြည်ထောင်စုအစိုးရက သွားရောက်ခွင့် မပြုသဖြင့် သွား ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း မစ္စအာရ်ဆူလာမူလာက ဒေသခံ သတင်းထောက်များအား ပြော ကြားသည်။
‘‘သူ့အနေနဲ့လည်း ပြည် ထောင်စုအစိုးရကို ကြိုတင်ထား တဲ့အထဲမှာ သူသွားချင်တဲ့ နေရာ တွေ မပါလာဘူးပေါ့နော်။ စစ် ရှောင်စခန်းတွေ သွားဖို့သွားလို့ရ တဲ့ နေရာတွေရှိတယ်။ တချို့ စခန်းတွေကျတော့ ခွင့်ပြုဖို့က လုံ ခြုံရေးအတွက် စဉ်းစားပေးပါ တယ်။ ပြည်နယ်အစိုးရအနေနဲ့ ကတော့ သွားချင်ရင် ခရီးသွား လာခွင့်ဆိုင်ရာ စိစစ်ပေးတဲ့ကော် မတီကို တင်ပြဖို့ ပြောပါတယ်။ ဒါပေမဲ့ သူကတော့ တင်ပြမသွား ပါဘူး’’ ဦးကျော်အေးသိန်းက ရှင်း ပြသည်။ မစ္စမူလာသည် ၎င်း၏ရခိုင် ပြည်နယ် ခရီးစဉ်ကို မေလ ၁၂ ရက်က စတင်ခြင်းဖြစ်ကာ ကုလ သမဂ္ဂ၏ မိတ်ဖက်အဖွဲ့အစည်း များနှင့် တွေ့ဆုံ၍ အရပ်သားများ အား အကာအကွယ်ပေးရေးနှင့် ဒေသတွင်း အကူအညီပေးရေး ဆိုင်ရာ အခြေအနေများကို ဆွေး နွေးခဲ့ကြောင်းလည်း ၎င်း၏တွစ် တာစာမျက်နှာတွင် ဖော်ပြခဲ့ သည်။ မစ္စမူလာ၏ မြန်မာနိုင်ငံခရီးစဉ်သည် မေလ ၁၅ ရက်အထိကြာမြင့်မည်ဖြစ်သည်။ ၎င်းသည် မေလ ၉ ရက်မှ ၁၁ ရက်အထိ က ချင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။ မစ္စမူလာ၏ ခရီးစဉ် တွင် ရန်ကုန်နှင့် နေပြည်တော် တွင် ပြုလုပ်မည့် အစည်းအဝေး များ ပါဝင်မည်ဖြစ်ကြောင်းလည်း ကုလသမဂ္ဂက ထုတ်ပြန်ထား သည်။
No comments:
Post a Comment