
Game of Thrones ဇာတ်လမ်းတွဲတွင် Robb Stark ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် စကော့တလန် သရုပ်ဆောင် ရစ်ချက်မက်ဒန်ကိုလည်း The Eternals ဇာတ်ကား၏ အဓိကဇာတ်ကောင်နေရာတစ်ခု အတွက်ကမ်းလှမ်းထားသည်ဟု People က ဖော်ပြခဲ့သည်။
The Eternals ဇာတ်ကားသည် ဂျိုလီနှင့်မက်ဒန်တို့အတွက် မာဗယ်ဇာတ်ကားတွင် ပထမဆုံးပါဝင်သရုပ်ဆောင်မှု ဖြစ်လာမည်ဖြစ်သည်။ Eternals ဟုခေါ်ဆိုသည့် စူပါဟီးရိုးအဖွဲ့က ゞင်းတို့၏ စူပါ ပါဝါများကို အသုံးပြုပြီး အန္တရာယ်ပြုသည့် Deviant များအား နှိမ်နင်းသည့်အကြောင်းရိုက်ကူးမည့် ယင်းဇာတ်ကားတွင် ကိုရီးယားသရုပ်ဆောင် Ma Dong - Seok နှင့် ပါကစ္စတန်-အမေရိကန်သရုပ်ဆောင် Kumail Nanjiani တို့ ပါဝင်မည်ဟု မာဗယ်က ထုတ်ပြန်ခဲ့သည်။
ဒါရိုက်တာ Chloe Zhao ရိုက်ကူးမည့် ယင်းဇာတ်ကားသည် မာဗယ်အတွက် စံချိန်များထပ်မံချိုးဖျက်ပေးမည့် ဇာတ်ကားတစ်ကား ဖြစ်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။ မာဗယ်ဇာတ်ကား ၂၂ ကားကို ထုတ်လုပ်ခဲ့သည့် မာဗယ်စတူဒီယိုဥက္ကဋ္ဌဌ Kevin Feige သည် The Eternals ဇာတ်ကားတွင် ထုတ်လုပ်သူအဖြစ်ပါဝင်မည် ဖြစ်သည်။
No comments:
Post a Comment