Pages
Tuesday, May 14, 2019
တာချီလိတ်၌ တရုတ်နိုင်ငံသား ၁၈၈ဦးကို ဖမ်းဆီး သေနတ်နှင့် မူးယစ်ဆေးအချို့သိမ်းဆည်းနိုင်
ထိုင်းနိုင်ငံနှင့် နယ်စပ် မြို့ဖြစ်သော တာချီလိတ်မြို့နေရာ သုံးနေရာ၌ သတင်းအရ၀င် ရောက်ရှာဖွေရာ တရုတ်နိုင်ငံ သား ၁၈၈ ဦးကိုဖမ်းမိပြီး စစ်ဆေး နေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးချုပ် ဇော်ခင်အောင်က ပြောသည်။ ‘‘သတင်းရလို့ ၀င်ဖမ်းတာ။ အခုလောလောဆယ် ဘာသာပြန် နဲ့စစ်ဆေးနေပါတယ်’’ ဟု ရဲမှူး ချုပ်ဇော်ခင်အောင်က မေလ ၁၃ ရက်ည ၈ နာရီခန့်အခြေအနေကို ပြောသည်။ တရားမ၀င်ဖွင့်ထားသော လောင်းကစားရုံများတွင် တရုတ် နိုင်ငံသားအများအပြားရောက်ရှိ နေကြောင်း သတင်းရ၍ မေလ ၁၃ ရက်နံနက် ၁၀ နာရီခန့်က ၀င် ရောက်စီးနင်းခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ အဆိုပါ တရုတ်နိုင်ငံသား များထံမှ သေနတ်သုံးလက်၊ စိတ် ကြွဆေးပြားအချို့နှင့် ဖုန်း၊လက်ပ်တော့များ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ဆေးနေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment