
စစ်ကိုင်းတို်င်းဒေသကြီး ကနီမြို့နယ်အတွင်း ယနေ့ မေ ၁၃ ရက်၊ ညနေ ၅ နာရီခန့်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် အပျက်အစီးများခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ကနီမြို့ နယ်အတွင်းရှိ ၀ယာရွာ၊ မဲဒင်ရွာ၊ ညောင်ပင်လယ်၊ဇီးဖြူ ကုန်း၊ ကြို့ကုန်း၊ အောင်သာယာနှင့်ပလ္လင်ရွာတို့တွင် လေဘေးသင့်ခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အလုံးလိုက်ကျွတ်ပါသွားခြင်း၊ အိမ်အမိုးများလန်ခြင်း၊ဘုန်းကြီးကျောင်းများနှင့် သာသနိကအဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရသည်။
" ညနေ ၅ နာရီလောက်က စတိုက်တာ။ တချို့အိမ်တွေဆို အလုံးလိုက် ကျွတ်ပါသွားတယ်။ လေပြင်းကြောင့် ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ လောလောဆယ်တော့ ကူညီကယ်ဆယ်ရေးတွေ မရောက်သေးပါဘူး" ဟု မဲဒင်ကျေးရွာမှ ကိုကျော်ဇင်သန့်က ပြောသည်။ လေပြင်းတိုက်ခတ်မှုကြောင့် မဲဒင်ကျေးရွာအနီး ကုန်တင်အမြန်ရေယာဉ်တစ်စီးလည်း နစ်မြုပ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment