ဗီဒစ်နှင့် ကွန်ပနီတို့နောက် တစ်ရာသီလုံး အကောင်းဆုံး နောက်ခံကစားသမား ဖြစ်လာ သည့် ဗန်ဒိုက်စ်သည် လီဗာပူးအ တွက် ယခုရာသီတွင် ပရီးမီးယား လိဂ် သွင်းဂိုးလေးဂိုး သွင်းယူ ခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်လက မန်စီးတီးတိုက်စစ်မှူး စတာလင် ကိုကျော်ဖြတ်၍ PFA ကစားသ မားများ ရွေးချယ်သော တစ်ရာသီ စာ အကောင်းဆုံး ကစားသမားဆု ရရှိပြီးဖြစ်သည်။
ယခုရာသီတွင် ချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ စပါးနှင့် ရင်ဆိုင်ရန်ရှိ သော လီဗာပူးသည် ချန်ပီယံမန် စီးတီးနောက် တစ်မှတ်အကွာဖြင့် ကပ်လိုက်နိုင်သဖြင့် အများ၏ ချီး ကျူးခြင်း ခံနေရစဉ် ရွှေဖိနပ်ဆုကို လီဗာပူး တိုက်စစ်မှူးများဖြစ်သော ဆာလက်နှင့် မာနေးတို့က အာ ဆင်နယ်တိုက်စစ်မှူး အော်ဘာမီ ယန်နှင့်အတူ ပူးတွဲရရှိခဲ့သည်။
ယင်းမှာ ၂၀၁၀-၁၁ ရာသီ က ဘာဘာတော့ဗ်နှင့် တိဗက်ဇ် တို့ ဂိုး ၂၀ စီဖြင့် ရွှေဖိနပ်ဆုပူးတွဲရ ရှိပြီးနောက်ပိုင်း အနည်းဆုံး သွင်း ဂိုးအရေအတွက်လည်းဖြစ်သည်။ ယင်းမှာ ဆာလက် (အီဂျစ်)၊ မာနေး (ဆီနီဂေါ) နှင့် အော်ဘာမီ ယန် (ဂါဘွန်) တို့ အာဖရိကကစား သမားသုံးဦး ပရီးမီးယားလိဂ် ရာ ဇဝင်တွင် ပထမဆုံးရွှေဖိနပ်ဆု ပူးတွဲရရှိခြင်းဖြစ်သည်။
No comments:
Post a Comment