
အဆိုပါဈေးတန်းတွင် အရက်၊ ဘီယာအဖျော်ယမကာဆိုင်များ မြန်မာရိုးရာအစားအစာများ၊ တိုင်း ရင်းသားရိုးရာအစားအစာများ၊ နိုင်ငံတကာအစားအစာများမြန်မာ နှင့်တိုင်းရင်းသားရိုးရာအဝတ်အ ထည်၊ အမှတ်တရပစ္စည်းအရောင်း ဆိုင်စုစုပေါင်း ဆိုင်ခန်း ၈၀ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်မှ ဈေး ဝယ်လာသူမဖြူသွယ်က""ဒီမှာ ဆိုင် ခန်းတွေနည်းတော့ လျှောက်ရတာ နည်းတယ်။ လမ်းကျယ်တော့ လျှောက်ရတာ လွတ်လွတ်လပ် လပ်ရှိတယ်။ ဈေးနှုန်းလေးတွေ ကလည်းမဆိုးပါဘူး""ဟု ပြောသည်။
ကျောက်တံတားမြို့နယ်ရှိ ဘဏ်လမ်းနှင့်ပန်းဆိုးတန်းလမ်း (အောက်ဘလောက်)၌အကောင် အထည်ဖော်ထားသည့် Yangon Weekend Market ကို မေ ၅ ရက်က စတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပြီး ယခုအခါဒုတိယမြောက်အ ပတ်ဖြစ်သည်။
ံHello Kiddo ကလေးပစ္စည်း အရောင်းဆိုင်မှ မမေဇင်မွန်မြင့်""ဒီ နေ့ကတော့ နည်းနည်းရောင်း ကောင်းပါတယ်။ မနေ့ကဆိုလုံးဝ ရောင်းမကောင်းဘူး။ စားသောက် တန်းကပိုရောင်းရတယ်။ အဲဒီနား တွေမှာလူပိုစည်တယ်။ အခြားလူ သုံးကုန်တွေလိုအပ်တာလေးတွေ ရောင်းရတာတွေ့တယ်။ အင်္ကျီတို့ ဘာတို့ကျတော့ နည်းနည်းအရောင်း ပါးတယ်""ဟု ပြောသည်။
Yangon Weekend Market ကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ များတွင် နံနက် ၉ နာရီမှ ည ၁၀ နာရီထိဖွင့်လှစ်ရောင်းချနေခြင်း ဖြစ်သည်။
နေ့လယ်ပိုင်းတွင် နိုင်ငံခြား သားဧည့်ဝင်ရောက်မှုများရှိပြီး ည နေပိုင်းတွင် ပြည်တွင်းဈေးဝယ်သူ များနှင့်အပျော်ဈေးတန်းလမ်း လျှောက် သူများနှင့်စည်ကားကြောင်း ပြည်တွင်းဈေးဝယ်သူပိုများသည့် အတွက်အဝတ်အထည်များထက် အစားအသောက်
ပိုရောင်းရကြောင်း Shwe Dawn Local Made ဆိုင်မှ မဆိုဖီယာက ပြောသည်။
""နံနက်ပိုင်းမှာအထည်လေး တွေဘက်ရောင်းရတာတွေ့ရ တယ်။ ညနေဘက်မှာတော့အစား အသောက်ကပိုရောင်းရတယ်။ ဒီ မှာလည်း မုန့်အဆန်းလေးတွေရှိ တယ်။ ဈေးတွေလည်းအကုန်သင့် တင့်အောင်ဆိုင်တိုင်းဈေးနှုန်းတွေ ကပ်ရောင်းကြတယ်""ဟု မန်းလက် ရာမလိုင်ပေါက်စီဆိုင်မှ မဇူးဇူးက ပြောသည်။
ဇွန်မှဩဂုတ်လအထိ ဈေး တန်းကို ဖွင့်လှစ်မှုကိုရပ်နားမည် ဖြစ်ကာ စက်တင်ဘာမှမေလအထိ အပတ်စဉ်စနေ၊ တနင်္ဂနွေရက်များ တွင်ဈေးဖွင့်မည်ဖြစ်ကြောင်း သိရ သည်။ယခုဖွင့်လှစ်ထားသော ဈေး တန်းအနီးတွင် ဟိုတယ်တစ်ခုဖွင့် မည်ဖြစ်သဖြင့် နိုင်ငံခြားခရီးသည် များဈေးတန်းသို့ ပိုမိုဝင်ရောက် လာနိုင်ကြောင်း Golden Market Myanmar ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာမေမြတ်အောင်ကပြော သည်။
""ဈေးတန်းကခုမှစစဖွင့်ချင်း ကို သူ့လူအင်အားနဲ့သူလည်ပတ် တာများပါတယ်။ လူတွေကအစား တွေမြင်တော့ဗိုက်ဆာတယ်လေ။ပစ္စည်းတွေကျတော့ လိုအပ်တဲ့အ ချိန်ရှိတယ်။ မလိုအပ်တဲ့အချိန်ရှိ တယ်ဆိုတော့ အစားအသောက် ကတော့ ပိုရောင်းကောင်းတာပေါ့""ဟု ၄င်းကပြောသည်။ ယင်းနေရာကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံမှ Golden Market Myanmar ကုမ္ပဏီက တစ်နှစ် လျှင် ကျပ်သိန်း ၃၀ဝ ကျော်ပေး သွင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆိုင် ခန်းငှားရမ်းခအဖြစ် တစ်ခန်းလျှင် တစ်ရက်ကျပ်နှစ်သောင်းခွဲနှုန်းဖြင့် ကုမ္ပဏီကပြန်လည်ငှားရမ်းခြင်း ဖြစ်သည်။
No comments:
Post a Comment