Pages
Tuesday, May 14, 2019
မြန်မာနဲ့ ဗီယက်နမ် စစ်ရေး၊ ရာဇဝတ်မှု နှိမ်နင်းရေးတွေ တိုးချဲ့ ပူးပေါင်းမယ်
မြန်မာနဲ့ ဗီယက်နမ်ဟာ ရေတပ်၊ စစ်တပ်သုံး ဆေးဝါး၊ ကာကွယ်ရေးလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေး၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး၊ ရာဇဝတ်မှု နှိမ်နင်းရေးတွေမှာ နိုင်ငံအဆင့်၊ ဒေသဆိုင်ရာအဆင့် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ ကုလသမဂ္ဂက ဦးဆောင်ကျင်းပမယ့် ဝိသာခါနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ဖို့ ဗီယက်နမ်ကို ရောက်ရှိနေတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် ကျန် ဖု တို့ ဟနွိုင်းမြို့မှာ တွေ့ဆုံဆွေးနွေးစဉ် အခုလို သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ရာဇဝတ်မှု တိုက်ဖျက်ရေး လုပ်ငန်းမှာလည်း အပြန်အလှန် ကူညီကြဖို့ နားလည်မှု စာချွန်လွှာကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မေလ ၁၁ ရက်နေ့မှာ ဗီယက်နမ် အမျိုးသား ညီလာခံ ဥက္ကဋ္ဌ မစ္စ ငူယင် သီကင်ငန်နဲ့လည်း သမ္မတ ဦးဝင်းမြင့်က တွေ့ဆုံခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment