
စစ်ကိုင်းတိုင်းဒေသကြီး၊အင်တော်မြို့နယ်ရွာဟောင်းကျေးရွာအနီးတွင် ကျောက်တင်ယာဉ်တစ်စီးတိမ်းမှောက်ရာ ယာဉ်ပေါ်ပါ အမျိုးသား(၄)ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၁၂ ရက် နေ့လယ်၁၂ နာရီခွဲ ခန့်တွင်အင်းတော်မြို့မရဲစခန်းမှ ဒုရဲအုပ်ဖြိုးသူကျော် ဦးစီးသောရဲတပ်ဖွဲ့ဝင်များသည် ယာဉ်တစ်စီးတိမ်းမှောက်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာဖြစ်သော အင်းတော်မြို့နယ် မိုးယူကျေးရွာအနီးတွင် သွားရောက်ကြည့် ရှု့စစ်ဆေးရာ မောင်ပေါ ဆိုသူမောင်းနှင်လာသော9J/---- (၆)ဘီးယာဉ်သည် မိုးယူကျေးရွာ ရွာမဘုန်းတော်ကြီးဆောက်လုပ်ရန်အတွက် ကျောက်များ တင်ဆောင်မောင်းနှင်လာစဉ်
မိုးယူကျေးအနီးအရောက် တွင်ယာဉ်အားအရှိန်မထိန်းနိုင်သဖြင့်တိမ်းမှောက်သွားစဉ် ယာဉ်ပေါ်ပါအင်းတော်မြို့နယ် ၊မိုးယူကျေးရွာသားများဖြစ်ကြသော ဦးဋ္ဌေးဝင်း၊ဦးထွန်းမောင်၊ဦးမင်းအောင်၊ဦးအောင်ရွှေတို့(၄)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်အားပေါ့စွာမောင်းနှင်သူ မောင်ပေါ အား အင်းတော်မြို့မရဲစခန်းက ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
No comments:
Post a Comment