
စွန့်ပစ်ပစ္စည်းများပါဝင်သည့် ကုန်သေတ္တာ ၆၀ သည် မှောင်ခိုလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံရှိ တရားမဝင်လည်ပတ်နေသည့် လုပ်ငန်းများထံ ရောက်ရှိခဲ့ကြောင်း၊ ယင်းကုန်သေတ္တာများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ပေးမည်ဖြစ်ကြောင်း ゞင်းက ပြောကြားခဲ့သည်။ မလေးရှားသို့ရောက်ရှိခဲ့သည့် ကုန်သေတ္တာများကို စစ်ဆေးခဲ့ရာတွင် ဘင်္ဂ္လားဒေ့ရှ်မှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများပါဝင်သည့် ကုန်သေတ္တာတစ်လုံးပါဝင်ခဲ့ပြီး ယင်းကုန်သေတ္တာများကို မေ ၂၈ ရက်တွင် West port ၌ မီဒီယာကို ထုတ်ဖော်ပြသခဲ့သည်။
မီဒီယာကို ပြသခဲ့သည့် စွန့်ပစ်ပစ္စည်းများထဲတွင် ဗြိတိန်မှ သံနန်းလွန်းကြိုးများ၊ သြစတြေးလျမှ အဆိပ်အတောက်ဖြစ်နေသည့် နို့ဘူးများ၊ ဘင်္ဂ္လားဒေ့ရှ်မှ စီဒီချပ်များ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ဆော်ဒီအာရေဗျနှင့် တရုတ်နိုင်ငံတို့မှ အီလက်ထရွန်နစ်နှင့် အိမ်သုံးစွန့်ပစ်ပစ္စည်းများ ပါဝင်ခဲ့သည်။ တရုတ်မှ စွန့်ပစ်ပစ္စည်းများသည် ပြင်သစ်နှင့် အခြားနိုင်ငံမှ အမှိုက်များ ဖြစ်နိုင်ခြေရှိကြောင်း၊ တရုတ်က ပလတ်စတစ်ပစ္စည်း တင်သွင်းမှုကို ပိတ်ပင်ခဲ့သဖြင့် မလေးရှားသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း Yeo က ပြောကြားခဲ့သည်။
ဗြိတိန် Recycling ကုမ္ပဏီတစ်ခုသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း မလေးရှားနိုင်ငံသို့ ပလတ်စတစ်စွန့်ပစ်ပစ္စည်း မက်ထရစ်တန် ၅၀ဝ၀ဝ (တန် ၅၅,ဝ၀ဝ) ပါဝင်သည့် ကုန်သေတ္တာ ၁၀ဝ၀ ခန့်ကို တင်ပို့ခဲ့သည်ဟု Yeo က ဆိုသည်။
No comments:
Post a Comment