
အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ပီအက်စ်ဂျီနောက်ခံလူ မူနီယာကို မန်ယူအသင်းနဲ့အပြိုင် ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ညာနောက်ခံလူ မူနီယာဟာ နည်းပြ အူနိုင်းအမ်မရီ ပီအက်စ်ဂျီအသင်းမှာ ရှိစဉ်ကတည်းက လက်တွဲခဲ့ဖူးသူပါ။ အမ်မရီအနေနဲ့ အသင်းက ညာနောက်ခံလူ ဘယ်လာရင်နဲ့ အပြိုင်ဖြစ်စေဖို့အတွက် မူနီယာကို အလိုရှိနေတာဖြစ်ပြီး ပေါင် ၂၆ သန်းခန့် ပေးချေရနိုင်တယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်ရှိ နောက်ခံလူ မူနီယာကို မန်ယူနိုက်တက်အသင်းကလည်း ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ မူနီယာဟာ မနှစ်က ဒဏ်ရာပြဿနာတွေ ရှိခဲ့တာကြောင့် အသင်းအတွက် စုစုပေါင်း ၁၉ ပွဲပဲ ကစားခဲ့ရပါတယ်။
No comments:
Post a Comment