
ယခုသီတင်းပတ်တွင် ထိုင်ဝမ်၌ နေထိုင်သူ ၂၃ သန်းသည် ゞင်းတို့ရင်ဆိုင်နေရသော စစ်ရေးခြိမ်းခြောက်မှုများအား အမှတ်ရစေရန် မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရသည်။ မေ ၂၇ ရက်တွင် အာဏာပိုင်များက ဒေသခံများ၏ မိုဘိုင်းဖုန်းများသို့ သတင်းစကားများ ပေးပို့ခဲ့ပြီး လေကြောင်းမှ ဥသြဆွဲသံများ ထွက်ပေါ်ခဲ့ကာ ကျွန်းစုမြောက်ပိုင်းတွင် နှစ်စဉ်ပြုလုပ်နေကျ ဒုံးပစ်လွှတ်စမ်းသပ်မှုကို ဆောင်ရွက်စဉ် လမ်းများပေါ်၌ အခိုက်အတန့် လူသူကင်းမဲ့သွားခဲ့သည်။
မေ ၂၈ ရက်တွင် ထိုင်ဝမ်အလယ်ပိုင်း၌ စစ်သား ၁၆၀ဝ အား တပ်ဖြန့်ခဲ့ပြီး နှစ်စဉ်ပြုလုပ်နေကျ Han Kuang (Han Glory) စစ်ရေးလေ့ကျင့်မှုအတွက် တိုက်လေယာဉ်တစ်စင်းက သွားလာမှုပိတ်ထားသည့် အဝေးပြေး လမ်းတစ်ခုပေါ်သို့ ဆင်းသက်ခဲ့သည်။ တိုက်လေယာဉ်သုံးစင်းအပြင် ကြိုတင်သတိပေး စနစ်ပါသည့် လေယာဉ်တစ်စင်းကလည်း ထပ်မံမပျံတက်မီ လောင်စာများအား ပြန်လည်ဖြည့်တင်းခြင်းနှင့် ဒုံးနှင့် အခြားလက်နက်ခဲယမ်းများအား ပြန်လည်တပ်ဆင်ခြင်းတို့ကို လေ့ကျင့်ခဲ့ကြသည်။ ထိုင်ဝမ်သည် တရုတ်နှင့် မည်သည့်စစ်ပွဲတွင်မဆို တပ်ဖွဲ့ဝင်အင်အားအရရော၊ လက်နက်အရပါ အလွန်အမင်း ကွာဟနေ မည်ဖြစ်သော်လည်း တရုတ်၏ တိုက်ခိုက်မှုအား တတ်နိုင်သမျှ တောင့်ခံထားရန်နှင့် မည်သည့်ကျူးကျော်မှုမဆို ပေကျင်းအတွက် ပေးဆပ်မှုကြီးမားနိုင်ကြောင်းကို ပြသရန် ခေတ်မီသောနည်းဗျူဟာများအား ဖန်တီးနေခဲ့သည်။
စစ်ပွဲအတွင်း စစ်တပ် လေတပ်စခန်း များ၏ ပြေးလမ်းများ ပျက်စီးခဲ့ပါက အဝေး ပြေးလမ်းများသည် ゞင်းင်းတို့၏ ဦးစားပေးများ ဖြစ်လာမည်ဖြစ်သောကြောင့် အဝေးပြေး လမ်းပေါ် တိုက်လေယာဉ်များ ဆင်းသက် သည့် လေ့ကျင့်မှုသည် လိုအပ်ကြောင်း လေ တပ် ဗိုလ်မှူးကြီး ဆူကူအိုမာအိုက ပြောကြား ခဲ့သည်။
မေ ၂၈ ရက်တွင် စစ်ရေးလေ့ကျင့်မှုအား စစ်ဆေးခဲ့သည့် ထိုင်ဝမ်သမ္မတ ဆန်အင်းဝမ်က မကြာသေးမီလများအတွင်း တရုတ်ရေတပ်နှင့် လေတပ်ကင်းလှည့်မှုများ အနည်းငယ်မြင့်တက်လာမှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်နေပြီး မိမိတို့သည် သတိမပြတ်ရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား နှင့် သြစတြေးလျတို့သည် ရေတပ်တပ်ဖွဲ့ဝင် ၃၀ဝ၀ ကျော်ပါဝင်လျက် ပြီးခဲ့သောသီတင်းပတ်တွင် ဂူအမ်အနီး၌ Pacific Vanguard ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီးနောက် ထိုင်ဝမ်၌ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သောသီတင်းပတ်တွင်လည်း ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ် သင်္ဘောနှစ်စင်း ဖြတ်သန်းမှုအတွက် ပေကျင်းက ကန့်ကွက်ခဲ့သည်။
No comments:
Post a Comment