
ယင်းအရှုပ်တော်ပုံကြောင့် လက်ယာယိမ်းလွတ်မြောက်ရေးပါတီ FPOe ခေါင်းဆောင်နှင့် ဒုတိယဝန်ကြီးချုပ်ဖြစ်သည့် ဟိန့်ဇ်ခရစ်တီယန်စထရာချီသည် ရာထူးနှစ်ခုစလုံးမှ နုတ်ထွက်ခဲ့ရသည်။ ယင်းဗီဒီယိုတွင် စထရာချီသည် အယောင်ဆောင် ရုရှားရင်းနှီးမြှုပ်နှံသူတစ်ဦးထံမှ မဲဆွယ်မှုအကူအညီအတွက် အပြန်အလှန်အားဖြင့် အစိုးရကန်ထရိုက်များပေးမည်ဟု ကမ်းလှမ်းမှုများကို ရိုက်ကူးထားသည်။
၂၀၁၇ ခုနှစ်တွင် သြစတြီးယား၏ နောက်ဆုံးပါလီမန်ရွေးကောက်ပွဲ မကျင်းပမီလအနည်းငယ်အလိုတွင် Ibiza ကျွန်းရှိ ဇိမ်ခံဟိုတယ်တစ်ခုတွင် လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးခဲ့သည့် ဗီဒီယိုဖိုင်ကို မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ယင်းအရှုပ်တော် ပုံပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းဗီဒီယိုကြောင့် ကတ်ဇ်၏ ညွန့်ပေါင်းအဖွဲ့နှင့် FPOe ကို အဆုံးသတ်စေခဲ့ပြီး ယခုနှစ် နှောင်းပိုင်းတွင် ရွေးကောက်ပွဲ စောပြီးကျင်းပရန် တောင်းဆိုမှုဖြစ်ပေါ်စေခဲ့သည်။ သို့သော် အတိုက်အခံပါတီများက အယုံအကြည်မရှိအဆိုတင်သွင်းမှုကို ရပ်တန့်ခဲ့ခြင်းမရှိဘဲ အသက် ၃၂ နှစ်အရွယ် ကတ်ဇ်သည် အရှုပ်တော်ပုံအတွက် တာဝန်ယူရမည်ဟု အခိုင်အမာပြောကြားခဲ့သည်။
မေ ၂၇ ရက် အယုံအကြည်မရှိအဆိုမဲ ပေးမှုတွင် ရှုံးနိမ့်ခဲ့သော်လည်း ကတ်ဇ်သည် မေ ၂၆ ရက် ဥရောပရွေးကောက်ပွဲများတွင် ゞင်း၏ ကွန်ဆာဗေးတစ် People’s Party (OeVP) ပါတီအတွက် ကြီးမားသည့် အနိုင်ရရှိနိုင်မှုက နှစ်သိမ့်မှုဖြစ်စေမည်ဖြစ်သည်။ ဥရောပရွေးကောက်ပွဲများတွင် ယင်းပါတီသည် ထောက်ခံမဲ ၃၄.၉ ရာခိုင်နှုန်းရရှိပြီး နောက်ထပ်ဥရောပပါလီမန်နေရာနှစ်ခုကို ရရှိမည်ဟု ခန့်မှန်းထားသည်။
မေ ၂၇ ရက်တွင် ပါတီထောက်ခံသူများကို မိန့်ခွန်းပြောကြားရာတွင် ကတ်ဇ်က ゞင်းသည် သြစတြီးယား၏ လက်ရှိဝရုန်းသုန်းကားအခြေအနေကို တည်ငြိမ်မှုရှိအောင် လုပ်ဆောင်သည့် ခေါင်းဆောင်တစ်ဦးဟု မိတ်ဆက်ခဲ့ပြီး “ကျွန်တော် ဒီမှာရှိနေဦးမှာပါ။ သင်တို့အတွက် ကိုယ်စားပြုမှာပါ” ဟု ပြောကြားခဲ့သည်။
သမ္မတ အလက်ဇန္ဒားဗန်ဒါဘယ်လင်က ခန့်အပ်မည့် ပညာရှင်အစိုးရအဖွဲ့ကို ထောက်ခံမည်ဟုလည်း ゞင်းက ပြောကြားခဲ့သည်။ သမ္မတအလက်ဇန္ဒားဗန်ဒါဘယ်လင်သည် လက်ရှိဘဏ္ဍဍာရေးဝန်ကြီး ဟတ်ဝစ်လိုဂါကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
ကတ်ဇ်နှင့် ゞင်း၏အစိုးရအဖွဲ့ကို ပါလီ မန်၏ အထူးဘုတ်အဖွဲ့တွင် အယုံအကြည် မရှိအဆိုတင်သွင်းမှုသည် ゞင်းကို သြစတြီးယား၏ အချိန်အတိုဆုံးတာဝန်ထမ်းဆောင်ခွင့်ရသည့် ဝန်ကြီးချုပ်ဖြစ်စေခဲ့သည်။ ကတ်ဇ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့သည့ှ်SPOe ပါတီဥက္ကဋ္ဌဌ Pamela Rendi- Wagner က ကတ်ဇ်သည် မကြုံစဖူးအာဏာကို အရှက်မဲ့ဆုပ်ကိုင်ထားခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
No comments:
Post a Comment