Pages
Wednesday, May 29, 2019
ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်းတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၂ ဦး သေဆုံး
ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်း ဝှိုက်ဟော့စ်မြို့တွင် မေလ ၂၇ ရက် ညနေပိုင်းက လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့ကြောင်း ကနေဒါရုပ်မြင်သံကြားကွန်ရက် CTV က မေလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။ အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အန်ကောရေ့ဂ်ျနယ်မြေသို့ ဦးတည်သွားနေသည့် အင်ဂျင်တစ်လုံးပါ Cessna 170 လေယာဉ်သည် ဝှိုက်ဟော့စ်ရှိ လေဆိပ်မှ ပျံတက်ပြီးနောက် မေလ ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၅း၃၀ နာရီ၌ သစ်ပင်များအတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝှိုက်ဟော့စ်မြို့သို့ မေလ ၂၈ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment