ဆရာတော်ဦးဝီရသူကို ဖမ်းဝရမ်းထုတ်လိုက်သည်ဟု သတင်းများထွက်နေသော်လည်း ညနေ ၆နာရီအချိန်ထိ ရဲတပ်ဖွဲ့ထံသို့ ဖမ်းဝရမ်းရောက်မလာသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှုးကြီး မျိုးသူစိုးက 7Day Daily သတင်းစာသို့ ည ၁၀နာရီအချိန်တွင် ပြောသည်။ ညနေ ၆နာရီပတ်ချာလည်လောက်ထိတော့ ရောက်မလာသေးဘူး။ တရားရုံးကတော့ ဖမ်းဝရမ်းထုတ်လိုက်ပြီလို့တော့ ကြားတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဆီတော့ ဖမ်းဝရမ်းရောက်မလာသေးဘူး"ဟု ရဲမှုးကြီး မျိုးသူစိုးက ပြောသည်။
ဦးဝီရသူကို အရေးယူဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ယနေ့ (မေလ ၂၈ရက်) နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်း အစိုးရရုံး၌ အစည်းဝေးပြုလုပ်ခဲ့ကြောင်း 7Day က စုံစမ်းသိရှိရသည်။
ဦးဝီရသူကို အရေးယူရန် ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှုး ဦးစန်းမင်းက အနောက်ပိုင်းခရိုင် တရားရုံး ဦးတိုက်လျောက်ထား၍ တရားသူကြီးက ပုဒ်မ ၁၂၄ (က)ဖြင့် ဖမ်းဝရမ်းထုတ်ပေးလိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။ အကြည်ညိုပျက်အောင်ပြုလုပ်ခြင်း ပုဒ်မ ၁၂၄ (က) သည် ထောက်ဒဏ်တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သည်။
No comments:
Post a Comment