
သမီးနှစ်ယောက်ဖခင် မစ္စတာ အိုယမဆတိုရှိ ဟာ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှိ မြန်မာစကား ကျွမ်းကျင်သူ ၁၀ ဦးထဲမှာ တဦး အပါအ၀င်ဖြစ်ပါတယ်။
သူဟာ ဂျပန်ရောက်မြန်မာနိုင်ငံသား အများအပြားနဲ့ သိကျွမ်းပြီး မြန်မာနိုင်ငံနဲ့ မြန်မာ့ ယဉ်ကျေးမှုကို အထူးကြိုက်နှစ်သက်သူဖြစ်လို့ ဂျပန်-မြန်မာ နှစ်နိုင်ငံစလုံးအတွက် ဝမ်းနည်းဖွယ်ရာ ကောင်းတဲ့ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်လို့ မစ္စတာ အိုယမ ဆတိုရှိရဲ့ မိတ်ဆွေ တိုကျိုမြို့နေ မဟေမာ က ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါအကြမ်းဖက်မှုမှာ ဘတ်စ်ကားစောင့်ဆိုင်းနေကြတဲ့ အသက် ၁၁ နှစ်ရွယ် မူလတန်း ၆ တန်းကျောင်းသူနဲ့ ကလေးတွေကို ကာကွယ်ပေးဖို့ကြိုးစားခဲ့တဲ့ မစ္စတာ အိုယမဆတိုရှိတို့ သေဆုံးခဲ့ရပြီး စုစုပေါင်း ၁၉ ဦး ဓားထိုး ခံခဲ့ရတာ ဖြစ်ပါတယ်။
ကလေးငယ်တွေကို ဓားနဲ့အကြမ်းဖက်တိုက်ခိုက်ခဲ့သူလို့ သံသယရှိတဲ့ အသက် ၅၀ အရွယ် အမျိုးသားဟာလည်း အဖမ်းခံရချိန်မှာ နေရာမှာတင် သူ့လည်ပင်းကိုသူ ဓားနဲ့ ပြန်ထိုးခဲ့ပြီးနောက် ဆေးရုံမှာ သေဆုံးသွားပါတယ်။
No comments:
Post a Comment