မေလ ၂၇ ရက် ညနေတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အထက်ပါအာဆီယံအတွင်းရေး မှူးချုပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပြီး ရခိုင်ပြည် နယ်တွင် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် မြန်မာ-အာဆီယံတို့အကြား ပူးပေါင်း ဆောင်ရွက်မည့် နယ်ပယ်များကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးလုပ် ငန်းစဉ် အထောက်အကူဖြစ်စေ ရေး ASEAN-ERAT က ဆောင်ရွက်ခဲ့သော ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာခြင်း (Prelimi-nary Needs Assessment) ၏ လေ့လာတွေ့ရှိချက်များနှင့် အစီရင်ခံစာပါ အကြံပြုချက်များ၊ အကောင်အထည်ဖော်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးက ထုတ်ပြန်သည်။ ASEAN-ERAT သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ AHA Centre နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်သည့် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ဖြစ်သည်။ ထို့အပြင် ဝန်ကြီးဦးကျော် တင်နှင့် အာဆီယံအတွင်းရေးမှူး ချုပ်တို့ တွေ့ဆုံစဉ် ASEAN-ERAT က အလုံးစုံ လိုအပ်ချက် ဆန်းစစ်လေ့လာခြင်း (Compre-hensive Needs Assessment) မစတင်မီ အာဆီယံက အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် စီမံကိန်းများနှင့် ပြန်လည်လက်ခံ ရေး၊ ပြန်လည်နေရာချထားရေး တို့ကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အာဆီယံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍများကို ထည့်သွင်းဆွေးနွေး ခဲ့သည်ဟု နိုင်ငံခြားရေးထုတ်ပြန် ချက်၌ ဖော်ပြသည်။ အာဆီယံ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်ပြီး ကွင်းဆင်းလေ့လာမှုအချို့ ပြုလုပ် ခဲ့သည်။
No comments:
Post a Comment