Pages
Wednesday, May 29, 2019
မကွေးဆေးရုံကြီးတွင် အပူဒဏ်ကြောင့် တက်ရောက်ကုသသူ (၂၇)ဦးရှိပြီး (၄)ဦးသေဆုံး
မကွေးတိုင်းမှာ အပူချိန်မြင့်တက်မှုကြောင့် အပူရှပ်(Heat Stoke)ပြီး ဆေးရုံတက်ရောက်ကုသရတဲ့ လူနာအရေအတွက်ဟာ မေ(၂၈)ရက်အထိ (၂၇)ယောက်ရှိခဲ့ပြီး သေဆုံးသူ(၄)ယောက်ရှိခဲ့တယ် လို့ မကွေးဆေးရုံအုပ် ဒေါက်တာဇင်မင်းဖွေးက ပြောပါတယ်။ ဆေးရုံရောက်လာသူတွေဟာ အပူရှပ်တာ(Heat Stoke)ကြောင့် သတိလစ်မေ့မြောရောက်ရှိလာတာမျိုးမဟုတ်ဘဲ အခြားရောဂါ အခံရှိတဲ့ သွေးတိုး၊ ဆီးချို ရောဂါရှိသူတွေများတယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာ အပူရှပ်လို့ ဆေးရုံ တက်ရောက်ကုသသူတွေဟာ အသက်အရွယ်(၅၀)ကျော် လူကြီးပိုင်းတွေ ဖြစ်တယ်လို့လည်း ဒေါက်တာ ဇင်မင်းဖွေးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အပူဒဏ်ကြောင့် ဆေးရုံတက်ရောက် ကုသသူ (၆)ယောက်ရှိခဲ့ပေမယ့်လည်း သေဆုံးသူမရှိခဲ့ဘူးလို့ သိရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment