
ာ ဒေါသထွက်နေတဲ့ လူအုပ်က မီယာပါခါးစ်ခရိုင် ဖူလာဒွန်မြို့ ရှိ ဟိန္ဒူအသိုင်းအ၀ိုင်းပိုင် စီးပွားရေးလုပ်ငန်းတွေကို လက်သရမ်းဖျက်ဆီးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သူ ကိုရမ်ကျမ်းစာအုပ်က စာရွက်တွေကို ဖြဲယူခဲ့တာဟာ ဆေးတွေထုပ်ပေးရာမှာ သုံးဖို့ ဖြစ်ကြောင်း ဆရာဝန်က ချေပပြောဆိုခဲ့ပါတယ်။
လူနည်းစု ဘာသာဝင်တွေက ယခုဖြစ်ရပ်အပေါ် ကြားဝင်ဟန့် တားပေးဖို့ နဲ့  ဟိန္ဒူဘာသာဝင်တွေရဲ့  လုံခြုံရေးစိတ်ချအောင် ဆောင်ရွက်ပေးဖို့  အာဏာပိုင်တွေထံ မေတ္တာရပ်ခံခဲ့ပြီးနောက် တနင်္လာနေ့ က အဓိကရုဏ်းတွေအတွက် မီးထိုးလှုံဆော်ပေးခဲ့တဲ့ လူအုပ်ကို အရေးယူဆောင်ရွက်နေကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ က လူထုကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ယင်း အဓိကရုဏ်းအတွင်း ဈေးဆိုင် ဘယ်လောက်များများ မီးရှို့ ခံခဲ့ရကာ လူ အသေအပျောက်ဘယ်လောက်ရှိခဲ့တယ်ဆိုတာကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ အခင်းဖြစ်ခရိုင်ရှိ လူနည်းစုအသိုင်းအ၀ိုင်းတွေကို အကာအကွယ်ပေးသွားမှာဖြစ်ကာ အဓိကရုဏ်းဖြစ်စဉ်မှာ ပါဝင်သူတွေကို ဖမ်းဆီးသွားမှာဖြစ်ကြောင်း ဖူလာဒွန်ရဲစခန်းမှ ရဲအရာရှိ ဇာဟစ်ဟူစိန် လီဂါရီက ပြောဆိုခဲ့ပါတယ်။
No comments:
Post a Comment