‘‘ကိုယ့်မြို့နယ်အတွင်းက ကျောင်းတွေကို ဘယ်လိုဖွံ့ဖြိုး တိုးတက်အောင် လုပ်ကြမလဲဆိုတာ ပူးပေါင်း ဆောင်ရွက်ကြပါမယ်။ဒါကို ကျွန်တော်တို့ တိုင်းအစိုးရဘက်က ဦးစီးဦးဆောင်လုပ်ပါမယ်’’ဟု ဦးဖြိုးမင်းသိန်းက ဆို သည်။
နယ်မြေအလိုက်၊ မြို့နယ်အလိုက် ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ရပ်ရွာနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရကဦးဆောင်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးတို့ပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းမည် ဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီးရှိ အခြေခံပညာ ကျောင်းအားလုံးကို တိုးတက်မှုရှိစေရန် ကျောင်းဖွံ့ဖြိုးရေးအဖွဲ့ဖွဲ့ကာ လုပ်ဆောင်မည် ဖြစ်ရာ ကျောင်းသားမိဘများ အ နေဖြင့် သတ်မှတ်ကျောင်းနယ်မြေ အတွင်းသာ ကျောင်းအပ်နှံရန် ရန်ကုန်တိုင်းပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင် မာဆွေကလည်းတိုက်တွန်းသည်။
‘‘ဇွန်လဒုတိယပတ်ကစ ပြီး မြို့နယ်အတွင်းမှာ အခြေခံ ပညာကျောင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကို ပြည်သူလူထု၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘဆရာအသင်းတွေနဲ့ ပူးပေါင်းပြီး လှုပ်ရှားဆောင်ရွက်ဖို့ စတင်မှာပါ။ လူမှုရေးဝန် ကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ မြို့နယ်တိုင်းမှာဖွဲ့စည်းဆောင်ရွက်မှာပါ။ဒါကြောင့် မိဘများအနေနဲ့ မစိုးရိမ်ပါနဲ့။ ကျွန်မတို့သည် Catch-ment Area အတွင်းမှာ ဖွံ့ဖြိုးတိုးတက်လိုတဲ့အတွက် Catch-ment တွေကို သေချာသီးသန့်ထားပြီး ကျောင်းအပ်လက်ခံတာဖြစ်ပါ တယ်’’ဟု ၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းတိုင်းတွင် ကျောင်းတည်နေရာအလိုက် School Catchment Area (ကျောင်းနယ်မြေ)ကို သတ်မှတ်ထားပြီး သတ်မှတ်ထားသည့် ရပ်ကွက်၊ မြို့နယ်အတွင်းရှိ ကျောင်းသားသစ်များကို အိမ်ထောင်စု စာရင်းပုံစံ(၁၀)အရ နေထိုင်မှုသက် တမ်း ခြောက်လနှင့်အထက် ရှိ ထားမှသာ ကျောင်းအပ်လက်ခံ သည်။ မိမိကျောင်း Catchment Area အတွင်း မနေထိုင်သည့် ကျောင်းသားသစ်ကို ကျောင်းအပ်လက်ခံခြင်း မပြုလုပ်ရန် တိုင်းဒေသကြီးပညာရေးမှူးရုံးက ကျောင်းအုပ်ကြီးများအား ညွှန်ကြားထား သည်။
အခြေခံပညာကျောင်း အ များစုတွင် ကျောင်းသား၊ ဆရာ အချိုးမမျှတခြင်း၊ သင်ထောက်ကူ ပစ္စည်းပံ့ပိုးနိုင်မှု အားနည်းခြင်း တို့ကြောင့် မြို့ပေါ်ရှိ နာမည်ကြီးကျောင်းများတွင် ကျောင်းဝင်ခွင့်ရရှိရန် မိဘများက နည်းလမ်းမျိုးစုံ ဖြင့် ကြိုးပမ်းသည်။ အစိုးရအနေဖြင့် Catch-ment Area အလိုက် ကျောင်းအပ်နှံသည့် စနစ်ကို တိတိကျကျ ဆောင်ရွက်လိုပါက စာသင်ခန်း၊ ထိုင်ခုံ၊ သင်ထောက်ကူ၊ ဆရာ၊ဆရာမ၊ အခြား လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး တစ်ပြေးညီ ဖွံ့ဖြိုးအောင် လုပ်ပေးသင့်သည်ဟု မိဘအများစုက အကြံပြုသည်။
No comments:
Post a Comment