
ယင်းအနက် စခန်းတစ်ခုသည် သူပုန်များရှိရာနှင့် မီတာ ၄၀ဝ ခန့်သာ ကွာဝေးကြောင်း သတင်းက ဖော်ပြခဲ့သည်။ စစ်သည်များ၏နေရာထိုင်ခင်းအခြေအနေ၊ အစားအသောက် အရည်အသွေးကိစ္စများအပါအဝင် အကြောင်းအရာများကို ၄င်းတို့နှင့် သမ္မတဇီလန်းစကီး ဆွေးနွေးခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ယူကရိန်း၏ ပင်လယ်နက်မှ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၃၀ဝ၀ ကျော်ခဲ့ပြီဖြစ်သည်။
သမ္မတဟောင်း ပီထရို ပိုရိုရှန်ကိုအား ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့ပြီး သမ္မတဖြစ်လာသည့် ဇီလန်းစကီးသည် သွေးထွက်သံယိုများပြားသည့် စစ်ပွဲကိုအဆုံးသတ်၍ ရုရှားနှင့် ငြိမ်းချမ်းရေးရယူမည်ဖြစ်ကြောင်း ကတိပြုထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ခရိုင်းမီးယားနှင့် ရုရှားပြည်မကိုပိုင်းခြားထားသည့် ခက်ခ်ျရေလက်ကြားတွင် ယူကရိန်းစစ်ရေယာဉ်သုံးစီးကို စစ်သည် ၂၄ ဦးနှင့်အတူ ရုရှားက သိမ်းပိုက်ဖမ်းဆီးထားခဲ့ရာ ၄င်းတို့အား အလျင်အမြန် ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ ကုန်သွယ်ရေကြောင်းခုံရုံးက မေ ၂၅ ရက်၌ ဆုံးဖြတ်ခဲ့သည်။
ဟမ်းဘတ်အခြေစိုက် ယင်းကုလခုံရုံး၏ကြားနာမှုများကို ရုရှား တက်ရောက်ခဲ့ခြင်းမရှိပေ။ ကုလခုံရုံးဆုံးဖြတ်ချက်သည် ဥပဒေအရစည်းနှောင်မှုဖြစ်သော်လည်း မဖြစ်မနေလိုက်နာရန် သြဇာမရှိချေ။ ရုရှားနှင့်ယူကရိန်း နှစ်ဘက်စလုံးအနေဖြင့် လျှောက်လဲချက်များကို ဇွန် ၂၅ ရက်တွင် ပြန်လည်တင်ပြရမည်ဖြစ်သည်။
သို့သော် ဇီလန်းစကီးက ရုရှားသည် ကုလဆုံးဖြတ်ချက်ကို လိုက်နာလျက် ယူကရိန်းနှင့် ပဋိပက္ခကို ရပ်ဆိုင်းရန် အမှန်ပင်အသင့်ရှိကြောင်း အချက်ပြလာနိုင်သည်ဟု ပြောဆိုခဲ့သည်။ ခရိုင်းမီးယားကို ရုရှားကသိမ်းပိုက်ထားခြင်းအား ကမ္ဘာ့နိုင်ငံအများစုက တရားမဝင်လုပ်ရပ်အဖြစ် ရှုမြင်ထားသည်။
No comments:
Post a Comment