Wednesday, June 12, 2019

ပွန်ပီယိုက အိန္ဒိယခရီးစဉ်အတွင်း မိုဒီနှင့်ဆက်ဆံရေးတိုးမြှင့်ရန် လုပ်ဆောင်မည်

ပြန်လည်ရွေးကောက်ခံထားရသော ဝန်ကြီးချုပ်နရင်ဒရာမိုဒီနှင့် ဆက်ဆံရေးပိုမို နီးကပ်မှုရှိစေရန် ယခုလအတွင်း အိန္ဒိယနိုင်ငံသို့သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဇွန် ၁၀ ရက်တွင် ပြောကြားခဲ့သည်။ နယူးဒေလီသို့ မသွားမီ ဇွန် ၁၂ ရက်တွင် ဝါရှင်တန်၌ပြောမည့် မိန့်ခွန်းတစ်ရပ်၌ မိုဒီ၏အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်နိုင်စရာ နယ်ပယ်သစ်များအား အကြမ်းဖျင်းထုတ်ဖော်သွားမည့်အကြောင်း ပွန်ပီယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။



အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မော်ဂန်အော်တာဂတ်စ်က ပွန်ပီယိုသည် ဒေလီသို့ ဇွန် ၂၄ ရက်တွင် ထွက်ခွာမည်ဟု ဆိုသည်။ “ဝန်ကြီးချုပ်မိုဒီရဲ့ မကြာသေးမီက ရွေးကောက်ပွဲအောင်နိုင်မှုဟာ ကမ္ဘာ့စင်မြင့်ပေါ်မှာ ထိပ်တန်းနေရာကနေ ပါဝင်နိုင်တဲ့ အားကောင်းစည်ပင်တဲ့ အိန္ဒိယဖြစ်လာဖို့  သူ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးပါ” ဟု ゞင်းက ပြောကြားခဲ့သည်။

လွတ်လပ်-ပွင့်လင်းသော အင်ဒိုပစိဖိတ်ဒေသဖြစ်လာရေးအတွက် ပံ့ပိုးရာတွင် မိတ်ဖက်ဖွဲ့မှုအား ပိုမိုကျယ်ပြန့်စေရေးအတွက် ပွန်ပီယိုသည် မိုဒီနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်သည်။ အမေရိကန်နှင့် တရုတ်ကြား၌ တင်းမာမှုများမြင့်တက်လာစဉ် လွတ်လပ်-ပွင့်လင်းသော အင်ဒိုပစိဖိတ်ဒေသဆိုသည်မှာ အမေရိကန်၏ အသုံးများသည့် စကားလုံးဖြစ်လာသည်။

ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲကြီးအတွင်း ဒုတိယဝန်ကြီးချုပ်သက်တမ်း ထပ်မံထမ်းဆောင်ခွင့်ရရှိခဲ့သည့် ဟိန္ဒူအမျိုးသား ရေးဝါဒီမိုဒီသည်လည်း အထူးသဖြင့် ကာကွယ်ရေးကဏ္ဍဍအပါအဝင် အမေရိကန်နှင့် ပူးပေါင်းမှုကြီးထွားလာခြင်းကို ထောက်ခံခဲ့သူဖြစ်သည်။

သို့သော် စွမ်းအင်အလွန်အမင်းလိုအပ်နေသည့် အိန္ဒိယအား အီရန်နှင့် ဗင်နီဇွဲလားတို့ထံမှ ရေနံများဝယ်ယူနေခြင်းကို ရပ်တန့်ရန် သမ္မတဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့က ဖိအားပေးနေသဖြင့် နှစ်နိုင်ငံကြားတွင် ကုန်သွယ်ရေးတင်းမာမှုများမှာမူ မြင့်တက်နေသည်။ ထို့ပြင် ပိတ်ထားသော ဈေးကွက်များ နှင့်ပတ်သက်၍ ထရန့်က မကျေမနပ်ဖြစ်ပြီး အိန္ဒိယကို ကုန်သွယ်ရေးအထူးခံစားခွင့် (GSP)  ပေးထားမှုကို ဖယ်ရှားခဲ့သည်။ အဆိုပါ ဦးစားပေးမှုစနစ်အောက်တွင် အိန္ဒိယသည် ၂၀၁၇ ခုနှစ်က ဒေါ်လာ ၅.၆ ဘီလျံ တန်ဖိုးရှိသည့် ကုန်များကို အမေရိကန်သို့ တင်ပို့ခဲ့သည်။

လူ ၂၅၈ ဦးသေဆုံးပြီး လူ ၅၀ဝ ကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် အီစတာတနဂင်္နွေနေ့က ခရစ်ယာန်ဘုရားကျောင်း အသေခံဗုံးခွဲမှုများ ဖြစ်ခဲ့သော သီရိလင်္က࿿ာသို့လည်း ပွန်ပီယိုက သွားရောက်မည်ဖြစ်သည်။

ဧဝံဂေလိခရစ်ယာန်ဖြစ်သော ပွန်ပီယိုသည် ဆိုးရွားသော အီစတာတနဂင်္နွေနေ့က တိုက်ခိုက်မှုများအား ဆန့်ကျင်ရာတွင် အမေရိကန်သည် သီရိလင်္က࿿ာပြည်သူများနှင့် တစ်သားတည်းရှိမည့်အကြောင်း ထုတ်ဖော်လိမ့်မည်ဟု အော်တာဂတ်စ်က ပြောကြားခဲ့သည်။ ထို့ပြင် အိန္ဒိယသမုဒ္ဒရာထဲမှ ကျွန်းနိုင်ငံ သီရိလင်္က࿿ာနှင့် ပူးပေါင်းနိုင်သည့် အခြားအခွင့်အရေးများကိုလည်း ပွန်ပီယိုက ရှာဖွေသွားမည်ဟု သိရသည်။

သီရိလင်္က࿿ာမှ အပြန်တွင် ပွန်ပီယိုသည် ဂျပန်နိုင်ငံ အိုဆာကာတွင် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေသည့် သမ္မတထရန့်နှင့် လာရောက်ပူးပေါင်းမည် ဖြစ်သည်။ ယင်းနောက်တွင် ပွန်ပီယိုသည် တောင်ကိုရီးယားသို့ ဆက်လက်သွားရောက်မည်ဟု အော်တာဂတ်စ်က ပြောကြားခဲ့သည်။

No comments:

Post a Comment