
မကွေးတိုင်းဒေသကြီး စလင်းမြို၌ ဇွန် ၁၀ ရက် ည ၁၁ နာရီ ၄၅ မိနစ် ခန့် က မြေမိကုန်းရပ် စလင်း ဆင်ဖြူကျွန်းသွားကားလမ်းအရှေ့ဘက်ရှိ ကွမ်းယာဆိုင် အားအရက်မူးနေသူတစ်ဦက မီးရှိှု့သဖြင့် မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။ မီးလောင်မှုဖြစ်လျင်ဖြစ်ခြင်း စလင်းမီးသတ်စခန်းမှ မီးသတ်ဥိးစီးမှူးဦးဝင်းဗိုလ် ဒုတိယ မီးသတ်စခန်းမှူး ဦးဇေယျာမျိုး တို့ခေါင်းဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဥိး အရန်မီးသတ် ၁၀ ဥိးတိုသည် မီးငြိမ်းသတ်ရေးစက်ယာဉ်တစ်စီး ၊ ဒေါင်ဖန်းမီးသတ်ယာဉ်တစ်စီး CNJ ရေသယ်ယာဉ်တစ်စီးတိုဖြင့် သွားရောက်ငြိမ်းသတ်ရာည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့သည်။
အခင်းဖြစ်စဉ် မှာစလင်းမြိုနယ် သရက်ချဉ်ကျေးရွာအုပ်စု သီးကုန်းရွာနေ ဟန်ဝင်းအောင် ၃၄ နှစ်သည် အရက်သေစာသောက်စားမူးယစ်ပြိးမကြူကြူဝင်း ပိုင် ကွမ်းယာဆိုင်အားမီးရို့ ထွက်ပြေးရာ ကွမ်းယာဆိုင်ရှိ ဆက်စပ်ပစ္စည်းများ နှင့် ဆိုင်ရှေ့ တွင်ကပ်ရပ်ထားသည့်ဟန်ဝင်းအောင် ၏ ၁၁၀ ဆိုင်ကယ်တစ်စီးမီးလောင် ဆုံးရှုံးပြီးမီးရှို့ ထွက်ပြေးသူ ဟန်ဝင်းအောင်အားစလင်းမြိုမရဲစခန်းက စခန်းမှူးဒုရဲမှူးသန်းဇော်က အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
No comments:
Post a Comment