
ပြီးခဲ့သည့် ၂၀၁၈ခုနှစ်၊အောက်တိုဘာလက ထိုင်းနိုင်ငံ၊မဟာချိုင်မြို့တွင် ဗီဇာသက်တမ်းတိုးရန် မြဝတီမှ မဟာချိုင်သို့ သွားရောက်ရာတွင် ထိုင်းနိုင်ငံ မြန်မာအလုပ်သမားသံအရာရှိလက်မှတ်ဖြင့် ဖမ်းခိုင်းသည်ဟုဆို ကာ ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၉ လကြာ ချုပ်နှောင်ပြီးနောက် ယနေ့မှသာ ပြန်လည် လွတ်မြောက် လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိထိုင်းနိုင်ငံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း မြန်မာအလုပ်သမား သတင်း များကို ၎င်း၏ ကိုယ်ပိုင်အကောင့်တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် မြ၀တီမြို့မှအလုပ်သမားအေဂျင်စီအချို့က တရားစွဲဆိုခြင်းများကိုလည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
" ကိုရဲမင်းကို ဖမ်းတာက မြန်မာအလုပ်သမား သံအရာရှိလက်မှတ်နဲ့ အကြောင်းပြပြီးဖမ်းတယ် ။ပြီးတော့ အဲ့ဒီအမှုတွေကို ရင်မဆိုင်ရပဲနဲ အလုပ်သမားပွဲစားတွေက စွဲတဲ့အမှုတွေကို တစ်မှုပြီးတစ်မှု ရင်ဆိုင်ရတယ် ။ အဲ့ဒီအပေါ်မှာပြောရမယ်ဆိုရင်တော့ ကိုရဲမင်းကို သူတို့အနေနဲ့ လုပ်ခဲ့တာဟာ ကျွန်တော်တို့ အလုပ်သမား အရေးလုပ်မှာကို ကြောက်နေတာကြောင့်" ဟု ဦးခိုင်ကြီးက ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၄ သန်းကျော်အား ကူညီဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများတွင် AAC အဖွဲ့အပါအဝင်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment