
ထိုဘုန်းတော်ကြီးကျောင်းတွင် သိမ်ကျောင်းမရှိသေးသောကြောင့် Eleven Media Group နှင့်စေတနာရှင် အလှူရှင်များက သီတဂူသိမ်တော်ကို ထပ်မံလှူဒါန်းခဲ့ကြောင်း၊ Eleven Media Group နှင့် စေတနာရှင်များက ပွင့်တောက်ကျေးရာတွင် တည်ဆောက်လှူဒါန်းသည့် သီတဂူသိမ်တော်အတွင်း ထားရှိရန် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ပလ္လင်တော်တစ်ခုကိုလည်းကောင်း၊ ဖယောင်းပုဆိုးနှင့် ကော်ဇောများ ကိုလည်းကောင်း၊ ကျေးရွာနေပြည်သူများအတွက် ဆိုလာမီးအိမ်များနှင့် ဆေးမည်းလိမ်းဆေးများကို လည်းကောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။ “ဒီလိုအဝေးကြီးကနေ လာရောက်ပြီးတော့ သိမ်ဒါနကုသိုလ်ပြုကြလို့ ဝမ်းသာပါတယ်။ ဒီနေ့က Eleven Media Group ရဲ့ CEO မွေးနေ့လည်းဖြစ်တာကြောင့် CEO လည်းစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၊ လိုအင်ဆန္ဒပြည့်ပါစေလို့ ဆုတောင်းပါတယ်။ နောက်ပြီး Eleven Media Group လည်းအောင် အောင်မြင်မြင်နဲ့ ဘာသာအကျိုး၊ သာသနာအကျိုးလည်း ဆထက်ထမ်းပိုးဆောင်ရွက်နိုင်ကြပါစေလို့ဆုတောင်းပါတယ်” ဟု ပွင့်တောက်ကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးဝိသုဒ္ဓက မိန့်ကြားသည်။
ပွင့်တောက်ကျေးရွာသည် စေတုတ္တရာမြို့နှင့် မိုင် ၃၀ ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းကြောင်း၊ ထို့ကြောင့် ၂၀၁၅ ခုနှစ် ရေဘေးကာလက ကျေးရွာနေပြည်သူအားလုံး သုံးရက်ဆက် အစားအစာပြတ်လပ်ခဲ့ရကြောင်း၊ လက်ရှိတွင်မုန်းချောင်းနံဘေးရှိ မူလကျေးရွာ၏ အနောက်တောင်ဘက်ကုန်းပေါ်သို့ ကျေးရွာကို ပြောင်းရွှေ့ထားရသောကြောင့် သောက်သုံးရေအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
Eleven Media Group အနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ သကြားဟင်းလေးအိုးကျေးရွာ တွင်မုန်တိုင်းဒဏ်ခံဘုန်းတော်ကြီးကျောင်းတစ်ဆောင် တည်ဆောက်လှူဒါန်းခဲ့ပြီး ယင်းဘုန်းတော်ကြီးကျောင်းနှင့် ပွင့်တောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် နှစ်စဉ်ကထိန်အလှူလည်း ကျင်းပလေ့ရှိကြောင်း သိရသည်။
No comments:
Post a Comment