
“စစ်ကိုင်းမြို့နယ်ထဲက ကျန်စစ်သား မင်းကြီး ခိုအောင်းခဲ့တဲ့နေရာကို စေတီတည်ထားတဲ့နေရာကို ကျွန်တော်ရောက်ခဲ့ပါတယ်။ပြင်ဆင်ထားလိုက်တာ ရှေးမူတွေပျောက်ပြီး ဘာမှလုပ်မရတော့ပါဘူး။ မြင်းမူ အလဝ ကပ္ပနားက ရှေးဟောင်းစေတီတစ်ဆူလည်းကျွန်တော်ကြည့်လိုက်တော့ ရှေးမူမရှိ ပြင် ဆင်ထားတာတွေ့ရတယ်။ ရှေးဟောင်း အဆောက်အအုံတွေ မိမိသဘောနဲ့ လုံးဝမပြင်ရဘူးလို့ ရောက်တဲ့နေရာတိုင်းမှာ ပြောထားပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းဘုရားစေတီများကို ပြုပြင်မည်ဆိုပါ က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် တိုင်ပင်၍ ပြုပြင်ကြရန်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သဘောထားမပါဘဲ မိမိ သဘောဖြင့် ပြုပြင်ပါက ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် က ဆက်လက်ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ရှေးဟောင်းစေတီပုထိုးများ များပြားစွာရှိသည့် တိုင်းဒေသကြီးဖြစ်သောကြောင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူဝါဒတစ်ရပ် ချမှတ်ကာ ခရီးသွားလုပ်ငန်းကို အကောင်အ ထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းစေတီပုထိုးများနှင့် သမိုင်းဝင်အထင်ကရနေရာများကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment