
အိန္ဒိယနိုင်ငံဘက်က လုပ်ငန်းတွေကိုတော့ ရပ်ခိုင်းထားပါတယ်။ ဆက်မလုပ်ပါတော့နဲ့ ဆိုပြီး ရပ်ခိုင်းထားတယ်။ တို့ဘက်က တို့ဘက်ကို ကျူးတယ်လို့ကတော့ အကြမ်းဖျင်းသိတယ်။ ဒါပေမဲ့လည်း BP 82 နဲ့ BP 83 ဆိုတာက အဝေးကြီးလေ။ ကိုသြဒိနိတ်တို့ လောင်ဂျီတွဒ်၊ လတ္တီတွဒ်တို့နဲ့ မြေတိုင်းက တိုင်းမှာ အဲဒီကအဖြေကို ခဏစောင့်နေတာ။ ကျူးတယ်ဆိုရင်တော့ ကန့်ကွက်မှာပေါ့။ လုပ်ငန်းကတော့ ရပ်သွားပါပြီ။ သူတို့ ပြန်သွားပြီဆိုပေမဲ့ ကျွန်တော်တို့ကတော့ စောင့်ကြည့်နေပါတယ်။ အထက်ကိုလည်း တင်ပြမယ်။ တစ်ဖက်နိုင်ငံကိုလည်း ကန့်ကွက်မှာပေါ့။ လောလောဆယ် အဖြေမရသေးလို့ ခဏစောင့်နေတာပါ။ အဲဒီနေရာက ကွန်းတောင်းအနောက်ဘက်ခြမ်း BP 82 နဲ့ BP 83 ကြားမှာပါ။ ကျွန်တော်တို့ တားလိုက်တော့ လုပ်ငန်းကတော့ ရပ်သွားပြီ။ မနေ့ကအထိ သူတို့ဘက်ခြမ်းမှာ လုပ်နေတယ်။ ဒီမှာ အကြမ်းဖျင်းတိုင်းတော့ ဒီနေ့မနက် အစောကြီး စလုပ်တော့ ငါတို့သွားတဲ့အချိန်မှာ ကျူးတယ်လို့ ယူဆရတာပေါ့။ အခုတော့ စက် လည်းမရှိတော့ဘူး၊ လူတွေလည်း ပြန်သွားပြီ။ ငါတို့ကတော့ ငါတို့လုပ်ရမယ့်အလုပ်ကို ဆက်လုပ်ရဦးမှာပေါ့” ဟု တမူးခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဌ ဦးမြင့်သင်းအောင်က ဆိုသည်။တမူးခရိုင် တမူးမြို့နယ် ကွန်းတောင်း ကျေးရွာအုပ်စု ဆရာစံကျေးရွာ၏ အနောက်ဘက် အိန္ဒိယ-မြန်မာ နယ်စပ် နယ်ခြားမှတ်တိုင် BP 82 နဲ့ BP 83 အကြားတွင် အိန္ဒိယနိုင်ငံမှ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေ ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းလမ်းဖောက်လုပ်မှုသည် ဒေသခံများက မြန်မာနိုင်ငံဘက်သို့ ကျူးကျော်သည်ဟု သတင်းပေးမှုကြောင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment