ထိုသို့ တိုက်မိခြင်းကြောင့် ဒိုင်နာယာဉ်မောင်း ခြေထောက်ကျိုး၊ ယာနားထင်ပေါက်ပြဲနှင့် လက်ကောက်ဝတ်ကျိုးဒဏ်ရာ များရရှိ၍ ဆေးရုံသို့ တင်ပို့ကုသထားစဉ် ည ၈ နာရီတွင် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ယင်းဒိုင်နာယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
‘‘ကားပျက်လို့ ကရိန်းနဲ့ ဆွဲလာတဲ့အချိန်မှာ နောက်ကနေ ဒိုင်နာကားက ဝင်တိုက်မိတာပါ။ ကားသမားက ဆေးရုံမှာ သေသွားတယ်။ Express ကားမှာ လူမပါတဲ့အတွက် တော်သေးတယ်။ ဒိုင်နာကားသမားဘက်က မှားတဲ့အတွက် သူ့ကိုပဲ အမှုဖွင့်ထားတာပေါ့’’ ဟု မြို့ချောင်းအမြန်လမ်းရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။
Express ယာဉ်နောက်ပိုင်း ပျက်စီးခဲ့ပြီး ဒိုင်နာယာဉ်ဦးခေါင်းပိုင်း ကြေမွပျက်စီးခဲ့ကြောင်း ရဲ တပ်ဖွဲ့က ဆိုသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒိုင်နာယာဉ်မောင်းကို ကျောက်တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈( ပေါ့ဆမှုကြောင့် အပြင်းအထန် နာကျင်စေမှု) ဖြင့် အမှုဖွင့် အရေးယူထားသည်။
No comments:
Post a Comment