
ကုန်တင်ရေယာဉ်ကြီးအတွက် လိုအပ်သည့် စက်ပစ္စည်းများ၊ စားနပ်ရိက္ခာများ တင်ဆောင်လာသည့် ပြည်တွင်းကုမ္ပဏီမှ ရေယာဉ် ၁ စီးသည် ရန်ကုန်မြို့မှ ထွက်ခွာ ခဲ့သော်လည်း ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် ပင်လယ်ပြင်အတွင်းရှိ ၎င်းရေယာဉ်ကြီး ထံသို့ပေးပို့နိုင်ခြင်းမရှိဘဲ ဟိုင်းကြီးကျွန်းအတွင်း ရာသီဥတုခိုလှုံခဲ့ပါသည်။ ဇူလိုင်လ ၄ ရက်တွင် ကုန်တင်ရေယာဉ်ကြီးမှ ရိက္ခာနှင့်သောက်သုံးရေ ပြတ်လပ်လျက်ရှိကြောင်း လာရောက်ပို့ဆောင်သည့် ရေယာဉ်ထံသို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ၎င်းရေယာဉ်အနေဖြင့် လှိုင်းလေပြင်းထန်နေသဖြင့် သွားရောက်ပို့ဆောင်နိုင်ခြင်းမရှိကြောင်းနှင့် ကူညီဆောင်ရွက်ပေးနိုင်ပါရန် ယနေ့ နံနက်ပိုင်းတွင် စစ်ရေယာဉ်(ကျန်စစ်သား) ထံသို့ ဆက်သွယ်အကြောင်းကြားလာခဲ့ပါသည်။ စစ်ရေယာဉ်(ကျန်စစ်သား)အနေဖြင့် ရာသီဥတုဆိုးရွား၍ လှိုင်းလေပြင်းထန် နေသော်လည်း ကုန်တင်ရေယာဉ်ကြီးပေါ်မှ ရိက္ခာ၊ ရေ လုံးဝပြတ်လပ်လျက်ရှိသည့် ရေယာဉ်အမှုထမ်း ၁၇ ဦးအတွက် ၎င်းတို့လိုအပ်သည့် စားနပ်ရိက္ခာများအား ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment