
ပြီးခဲ့သည့်မေလတွင် လွှတ်တော်အမတ်ဖြစ်လာသူ ဖိလစ်ပိုင်ရဲချုပ်ဟောင်း ရိုနယ်ဒယ်လာရိုဆာက ဖိလစ်ပိုင်နိုင်ငံသည် တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သတိပေးလျက် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါး ၁.၄ တန် (ပေါင် ၃၀ဝ၀ ကျော်) ကို ဖိလစ်ပိုင် ရဲတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်တွင် ယင်းကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
မနီလာမြို့ပြင်တွင် လုပ်ဆောင်သော မူးယစ်ဆေးနှိမ်နင်းမှုတစ်ခုအတွင်း အသက်သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း၊ မူးယစ်ဆေးသုံးစွဲသူဟု သံသယရှိခံထားရသော ထိုကလေးငယ်၏ ဖခင်ဖြစ်သူနှင့် အသွင်ယူရဲအရာရှိတစ်ဦးမှာလည်း သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားထားသည်။ “မတော်တဆသေဆုံးရတာမျိုး မဖြစ်အောင် ခင်ဗျားတို့ အရာရာကိုကာကွယ် လုပ်ဆောင်ဖို့လိုတာပေါ့။ ဘယ်သူကမှ ဒီလိုအဖြစ်မျိုး (ကလေးငယ်သေဆုံးရသည့်ကိစ္စ) မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စကဖြစ်လာတယ်။ မူးယစ်ဆေးနှိမ်နင်းလုပ်ဆောင်နေတဲ့အချိန်တွင်းမှာ ဒီလိုကိစ္စက ဖြစ်လာတယ်” ဟု ဒယ်လာရိုဆာက ဆိုသည်။
ဒူတာတေး၏သမ္မတသက်တမ်း ပထမ ၂၁ လတာအတွင်း ဒယ်လာရိုဆာသည် ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ လူပေါင်းထောင်နှင့်ချီ၍ သေဆုံးခဲ့ရသော ဒူတာတေး၏ မူးယစ်ဆေးစစ်ပွဲကို ပထမဆုံးလုပ်ဆောင်ခဲ့သူအကြီးအကဲ ဒယ်လာရိုဆာသည် ရက်စက်သောနှိမ်နင်းမှုအတွင်း ကလေးငယ်ဒါဇင်ပေါင်းများစွာ သေဆုံးမှုနှင့်ပတ်သက်၍ ဂရုမစိုက်သည့် ပုံစံမျိုးကို ပြသခဲ့သည့်အပြင် မထီမဲ့မြင်ပြုသည့် အမူအရာမျိုးပင် လုပ်ဆောင်ခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့က ရှုတ်ချခဲ့သည်။ ထို့ ပြင် ပစ်ခတ်မှုကိစ္စနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုလုပ်ဆောင်သွားမည်ဟု ထိုကော်မရှင်က ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။
ဒူတာတေး၏ မူးယစ်ဆေးနှိမ်နင်းဖြို ခွင်းမှုအတွင်း မူးယစ်ဆေးသုံးစွဲသူများနှင့် ဆက်နွှယ်သူ ၅၃၀ဝ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု တရားဝင်ထုတ်ပြန်ထားပြီး လူ့အခွင့်အရေးအဖွဲ့အစည်းများကမူ အသတ်ခံရသူအရေအတွက်မှာ ထိုပမာဏထက် သုံးဆများလိမ့်ဟု ဆိုသည်။ နှိမ်နင်းမှုလုပ် ဆောင်သော ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် ပြည်သူများအား မတော်မတရားနှိပ်စက်ညှဉ်းပန်းခဲ့ကြသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက်တွင် ယင်းကိစ္စကိုစုံစမ်းစစ်ဆေးရန်အတွက် ဒူတာတေးကပြီးခဲ့သည့် နှစ်နှစ်အတွင်း မူးယစ်ဆေးစစ်ပွဲကို နှစ်ကြိမ်ဆိုင်းငံ့ခဲ့ဖူးသည်။ သို့သော်လည်း နောက်ပိုင်းတွင် ယခင်အတိုင်း နှိမ်နင်းမှုကို ဆက်လက်လုပ်ဆောင်ရန် ရဲတပ်ဖွဲ့အား ခွင့်ပြုပေးခဲ့သည်။
No comments:
Post a Comment