
ဘီကီနီဝတ် စားပွဲထိုးတာတွေကြောင့် လာရောက်အားပေးတဲ့ စားသုံးသူ ဖောက်သည်တွေမှာ လူမြင်ကွင်းရှေ့ တစ်ကိုယ်ရည်အာသာဖြေတာ အပါအဝင် မသင့်တော်တဲ့ အပြုအမှုတွေ လုပ်ဆောင်ကြကြောင်း တိုင်ကြားစာပေါင်း ၄၀ ကျော်ထက်မနည်း ရရှိအပြီးမှာ အန္တရာယ်များပြီး ဥပဒေမဲ့အပြုအမူတွေအတွက် ခုလို တားမြစ်ပိတ်ပင်ရတာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
တစ်ချို့ စားသောက်ဆိုင်၊ ဘားဆိုင်တွေမှာဆိုရင် ဘီကီနီပင် မဝတ်တော့ဘဲ ကိုယ်တုံးလုံးစားပွဲထိုးတာတွေကိုတောင် တွေ့ရှိရတယ်လို့ အီဗရတ်ရဲဌာနက ပြောပါတယ်။
ဒါပေမယ့် တစ်ချို့သော စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေကတော့ ဘီကီနီဝတ် စားပွဲထိုးတာဟာ လိင်အသားပေးဖို့ မဟုတ်ကြောင်း ငြင်းဆန်နေကြပါတယ်။
“ဘီကီနီဆိုတာ လိင်ဖော်ပြချက် မဟုတ်ဘူး။ အလုပ်လုပ်နိုင်စွမ်းအတွက် ဖြစ်တယ်။ ဒီလို ဝတ်ဆင်စေပြီး အလုပ်လုပ်ရတာ ပိုမိုသက်သောင့်သက်သာ ရှိစေတယ်။”လို့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောခဲ့ပါတယ်။
No comments:
Post a Comment