
- ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ရှာဖွေပေး (Justice for Victoria)
- ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေး (Safe environment for every child)
- နောက်ထပ်ဗစ်တိုးရီးယားများအလိုမရှိ (No more Victorias)
ဟူသောစာတမ်းများကိုကိုင်ဆောင်/ဟစ်ကြွေးကာ၎င်းတို့ ၏ ဆန္ဒကို ထုတ်ဖော်ခဲ့ကြသည်။
အင်းစိန်CID သို့ ချီတက်ဆန္ဒပြခဲ့သည့် Justice For Victoria လှုပ်ရှားမှု့ တွင် ပြည်သူအများအပြားပါဝင်လာခဲ့သလို ဆန္ဒထုတ်ဖော်သူများမှာ ၄င်းတို့ ၏ဆန္ဒအရပါဝင်လာကြခြင်းဖြစ်ကာ ကလေးငယ်များ၊ အမျိုးသမီးငယ်ဆယ်ကျော်သက်လေးများအပါအဝင် ကျား/မ မရွေး လူတန်းစားမျိုးစုံ ပါဝင်ခဲ့သည်။
" ကျွန်မက သားလေး မွေးထားတာပါ။ အရင်က ဘယ်ဆန္ဒပြပွဲမှ မသွားဖူးဘူး။ စိတ်လည်း မဝင်စားဘူး။ Victoria ကိစ္စကတော့ မဖြစ်သင့်သလို ရဲတွေ လုပ်နေတာကလည်း စိတ် ကျေနပ်စရာ မရှိဘူး။ ရုံးကို ခွင့်တိုင်လာပြီး ဒီ လှုပ်ရှားမှု့ မှာ မိခင်တစ်ဦးအနေနဲ့  လာပြီးဆန္ဒပြတာပါ" ဟု လမ်းမတော် ကိုင်းတန်းလမ်းတွင် အလုပ်,လုပ်ကိုင်နေသည့်ကလေးမိခင် တစ်ဦးဖြစ်သူ မစိုးစိုးဇော်က ပြောကြားခဲ့သည်။
အဆိုပါလှုပ်ရှားမှု့ နှင့်ပတ်သက်၍ အင်းစိန်ရဲတပ်ဖွဲ့ မှူးက ဇူလိုင် ၅ တွင် ဖုန်းဆက်၍ ဆန္ဒပြပွဲပြုလုပ်ဦးမည်လားဟု မေးမြန်းခဲ့ကြောင်း၊ ဆန္ဒပြပွဲမလုပ်တော့ပါကလည်း ပြောကြား၍ ရသည်ဟုပြောခဲ့ကြောင်း၊ မည်သည့်အတွက် မေးမြန်းရသည်ကို ပထမတွင် မသိရှိခဲ့ကြောင်း၊ သို့ သော်သတင်းစာရှင်းလင်းပွဲလုပ်သွားပြီး အရေးယူဆောင်ရွက်နေသည့် အတွက် ယခုဆန္ဒပြပွဲကို ဆက်လုပ်စရာလိုသေးလားဆိုသည် ကိုအင်းစိန်ရဲတပ်ဖွဲ့ မှူးကဆိုလိုချင်ပုံ ဖြစ်ကြောင်း၊ သို့ သော် လိုအပ်သည့်အတွက်အင်းစိန်စီအိုင်ဒီသို့ ချီတက်ဆန္ဒပြသည့် Justice For Victoria လှုပ်ရှားမှု့ ကို ယနေ့ ( ဇူလိုင် ၆) ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဦးဆောင်စီစဉ်သူများထဲမှ တစ်ဦးဖြစ် သည့် စောချစ်သက်ထွန်းက မီဒီယာများသို့ ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
No comments:
Post a Comment