ပရိသတ်များက မီဂန်ရာပီနို ကို သဘောကျလွန်းသဖြင့် ၎င်း၏ ဝီကီပီးဒီးယား ကိုယ်ရေးရာဇဝင် တွင် အမေရိကန်နိုင်ငံ၏ သမ္မတ ဟု ပြောင်းလဲရေးသွင်းခဲ့သည်။ ဝီကီပီးဒီးယားကလည်း မီဂန်၏ ကိုယ်ရေးရာဇဝင်ကို အခြားလူ များ မပြောင်းနိုင်ရန် မီဂန်၏စာ မျက်နှာကို ပိတ်ပင်ထားသည်။
မီဂန်ရာပီနိုသည် အမြဲတ စေ လူနည်းစုဘက်က ရပ်တည် ပြောဆိုခဲ့ပြီး ယင်းအတွက်ကမ္ဘာ တစ်ဝန်း ချီးကျူးမှုရရှိခဲ့သည်။ ၂၀၁၉ ကမ္ဘာ့ဖလားတွင်လည်း လက်ရှိချန်ပီယံ မိမိတို့အသင်း ဖလားရရှိလျှင် အိမ်ဖြူတော်က ဖိတ်ခေါ်မှုကို မလိုက်ပါဘဲ သပိတ်မှောက်မည်ဟု မီဂန်ကပြောကြား ခဲ့သည်။
မိမိဆုံးဖြတ်ချက်ကို နောင် တမရကြောင်းနှင့် အသင်းဖော် များကိုလည်း မိမိနှင့်အတူ ရပ် တည်ရန် တိုက်တွန်းအားပေး မည်ဟု မီဂန်ရာပီနိုကပြောသည်။
မီဂန်ရာပီနိုသည် ကွာတား ဖိုင်နယ်တွင် အမေရိကန်ကအိမ် ရှင်ပြင်သစ်ကို ၂-၁ ဂိုးဖြင့် အ နိုင်ရသောပွဲ၌ အနိုင်ဂိုးနှစ်ဂိုးစလုံး သွင်းယူခဲ့သည်။
အမေရိကန် အမျိုးသမီး ဘောလုံးအသင်းသည် အကြို ဗိုလ်လုပွဲတွင် ဖီးလ်နဗီးလ်၏ အင်္ဂလန်အသင်းနှင့် ယနေ့ညယှဉ် ပြိုင်မည်ဖြစ်သည်။
No comments:
Post a Comment