
စပါးအသင်း၏ ယခင်ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးမှာ ယူရို (၄၂) သန်းဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ်လက အေဂျက်စ်အသင်းမှ ကိုလံဘီယာနောက်ခံလူ ဒါဗင်ဆန်ဆန်းချက်ဇ်ကို ခေါ်ယူခဲ့ရာတွင် ပေးချေခဲ့ခြင်းဖြစ်သည်။
အန်ဒွန်ဘီလီသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၁၆ ခုနှစ်တွင် အာမီယန်စ်အသင်းနှင့် စတင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် လိုင်ယွန်အသင်းကို ပြောင်းရွှေ့ကစားခဲ့သည်။
အန်ဒွန်ဘီလီသည် လိုင်ယွန်အသင်းတွင် (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၉၈) ပွဲအထိ ကစားကာ ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက လိုင်ယွန်အသင်းကို လီဂူးပြိုင်ပွဲတွင် တတိယနေရာရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလနှစ်ခုတွင် ကစားသမားသစ်ခေါ်ယူမှုမပြုလုပ်ခဲ့သည့် စပါးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် အသင်းကိုအင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး အန်ဒွန်ဘီလီမှာ ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့သည်။
စပါးအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ပထမဆုံးခေါ်ယူမှုအဖြစ် လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်စ်အသင်းမှ အင်္ဂလန်လူငယ်တောင်ပံကစားသမား ဂျက်ကလက်ခ်ကို ပေါင် (၁၀) သန်းဝန်းကျင်ဖြင့် ခေါ်ယူခဲ့ပြီး လိဒ်စ်အသင်းထံသို့ တစ်ရာသီအငှားပြန်ချခဲ့ကြောင်း သိရသည်။
No comments:
Post a Comment