ထို့အပြင် မင်္ဂလာဒုံမြို့နယ် နှင့် မြောက်ဒဂုံမြို့နယ်တွင် မီတာခနှုန်းထားများ တိုးမြှင့်ကောက်ခံမည့်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ သည်။ 7Day Daily သတင်းစာက ဒလမြို့နှင့် မင်္ဂလာဒုံမြို့နယ်၌ ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲများသို့ သွားရောက်သတင်းယူရာ ဒလမြို့နယ်တွင် လူ ၁၀၀ ခန့်နှင့် မင်္ဂလာ ဒုံမြို့နယ်၌ လူ ၁၀၀ ကျော် ပါဝင် ကြောင်း တွေ့ရသည်။
ဒလမြို့နယ်ရှိ လူ ၁၀၀ ခန့်က‘‘ပြည်သူ့ဆန္ဒမပါသော မီတာခ တိုးမြှင့်မှုအလိုမရှိ၊ လျှပ်စစ်မီတာ တိုးမြှင့်ကောက်ခံမှု ချက်ချင်းရပ်၊ ပြည်သူ့ဆန္ဒအရေးပေးရေး တို့အရေး’’ စသည်တို့ အော်ဟစ်တောင်း ဆိုခဲ့သည်။ မြို့နယ်အတွင်း စီတန်းလှည့်လည်ပြီး မြို့နယ်လျှပ်စစ် မန်နေဂျာရုံးထိ ချီတက်ဆန္ဒထုတ် ဖော်ခဲ့သည်။
‘‘မီတာခတွေတက်လာရင် တခြားကုန်ဈေးနှုန်းတွေလည်း တက်လာမယ်။ အဲဒီလိုဖြစ်လာရင် ကျွန်တော်တို့အောက်ခြေလူတန်း စားတွေ ဒုက္ခရောက်ပါမယ်။ ကျွန် တော်တို့အောက်ခြေလူတန်းစား တွေအတွက် ဆန္ဒဖော်ထုတ်တာ ပါ။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အ စည်းတံဆိပ်မှ မပါပါဘူး’’ ဟု ဒလမြို့ဆန္ဒထုတ်ဖော်ရာတွင် ဦး ဆောင်သူ ဦးဝေလုက ပြောသည်။ မင်္ဂလာဒုံမြို့နယ် ပြည်သူအ ချို့ဆန္ဒထုတ်ဖော်ပွဲတွင် လှော် ကားလမ်းဆုံမှ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးအထိ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။ ဇူလိုင် ၁ ရက်ကပုဇွန်တောင်နှင့် သာကေတမြို့နယ်တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။ ပုဇွန်တောင်ဆန္ဒထုတ်ဖော် ပွဲကို ယင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ဦးဆောင်ခြင်းဖြစ် သည်။
‘‘ခွင့်ပြုမိန့်တောင်းခံထား တာ ၂၃ နေရာထိ တောင်းခံထား တယ်။ မြို့နယ်တွေအကုန်လုံးကို ဆန္ဒပြကြမယ်။ နောက်ဆုံးအချုပ် က မြို့တော်ခန်းမရှေ့မှာ လာပြ ကြမယ်။ အဲဒီလိုစီစဉ်ထားတယ် လို့ သိထားတယ်’’ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယနေ့(ဇူလိုင် ၃ ရက်)တွင် တောင်ဥက္ကလာပမြို့နယ်၌ ဆန္ဒထုတ်ဖော်မည်ဖြစ်သည်။
No comments:
Post a Comment