

ဇူလိုင်လ (၂) ရက်နေ့ညနေ (၅) နာရီ (၄၅) မိနစ်တွင် ပါလိုင်ရွာရှိနေအိမ်တစ်လုံးကို ၀င်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသားများဖြစ်သည့် အမျိုးသား (၃) ဦး၊ အမျိုးသမီး (၃) ဦး စုစုပေါင်း (၆)ဦး မြန်မာနိုင်ငံသား အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦး၊ စုစုပေါင်း လူ (၈) ဦးကို (၆) လုံးပြူးပစ္စတို (၂) လက်၊ (၉) မမပစ္စတို (၃) လက်၊ AK-47 (၃) လက်၊ M-16 (၂) ရက်၊ (၁၂) ဗို့ (၁) လုံးထိုး (၃) လက်၊ MK-12 (၁) လက်၊ M-22 ရိုင်ဖယ် (၁) လက်၊ စုစုပေါင်း သေနတ် (၁၅) လက်၊ (၉) မမကျည် (၂၄၈) တောင့်၊ ပွိုင့် (၃၅၇) ကျည် (၅၃) တောင့်၊ ပွိုင့် (၄၅) ကျည် (၁၆၁) တောင့်၊ ပွိုင့် (၂၂) ကျည် (၆၅၀) တောင့်၊ (၅.၅၆) မမကျည် (၃၁၈) တောင့်၊ M-22 ကျည် (၄၀၀) တောင့်၊ (၁၂) ဗို့ကျည် (၁၂၀) တောင့်၊ စုစုပေါင်းကျည်မျိုးစုံ (၁၉၅၀) တောင့်၊ (၉) မမကျည်အိမ် (၅) ခု၊ M-16 ကျည်အိမ် (၉) ခု၊ ပွိုင့် (၂၂) ကျည်အိမ် (၇) ခု၊ စုစုပေါင်းကျည်အိမ် (၂၁) ခု၊ VIGO မော်တော်ယာဉ် (၃) ဏီး၊ MARK-X မော်တော်ယာဉ် (၁) စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား (၆) ဦးနှင့် မြန်မာနိုင်ငံသား (၂) ဦးတို့ကို ဥပဒေနှင့်အညီအရေးယူနိုင်ရန် စီစဉ်နေပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment