ယူကရိန်းသမ္မတ ဇေလန်စကီဟာ ယူကရိန်းပြုပြင်ပြောင်းလဲရေးညီလာခံကို တက်ရောက်ဖို့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကို ရောက်နေတာပါ။
ဥရောပကောင်စီက ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို မကြာသေးခင်က ပြန်ဖြေလျှော့ပေးခဲ့ပေမယ့်လည်း ကနေဒါနိုင်ငံကတော့ ရုရှားအပေါ် ဆက်ပြီး ပိတ်ဆို့သွားမယ်လို့ ထရူဒူးက ပြောခဲ့ပါတယ်။
ဥရောပကောင်စီရဲ့ အဲဒီလုပ်ရပ်ကြောင့် .ယူကရိန်းနဲ့ ဂျော်ဂျီယာနိုင်ငံတို့မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။
၂၀၁၈ နိုဝင်ဘာလမှာ ရုရှားဟာ သူသိမ်းပိုက်ထားတဲ့ ခရိုင်မီးယားဒေသရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ခုတ်မောင်းလာတဲ့ ယူကရိန်း ရေတပ်သင်္ဘောသုံးစီးကို တိုက်ခိုက်သိမ်းယူခဲ့တဲ့အပြင် ယူကရိန်းစစ်သား ၂၄ ယောက်ကိုလည်း ဖမ်းခဲ့ပါတယ်။
ရုရှားရဲ့ အဲဒီလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ ၂၀၁၉ မတ်လမှာတော့ ကနေဒါက ရုရှားနိုင်ငံသား ၁၁၄ ယောက်နဲ့ အဖွဲ့အစည်း ၁၅ ခုကို ပိတ်ဆို့ဒဏ်ခတ်လိုက်ပါတယ်။
တချိန်တည်းမှာပဲ ဥရောပသမဂ္ဂကလည်း နဂိုစာရင်းထဲမှာ မပါသေးတဲ့ ရုရှားနိုင်ငံသား ၈ ယောက်ကို အရေးယူပိတ်ဆို့ခဲ့ပါတယ်။
No comments:
Post a Comment