ဒါ့အပြင် တခြား အစိုးရဌာနတွေနဲ့ လူမှုအဖွဲ့တွေကလည်း ပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ပံ့ပိုးကူညီပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်းများစွာခိုလှုံနေတဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေထဲက ၃၀၀ ကျော်ဟာ နှစ်နိုင်ငံအစိုးရရဲ့ အစီအစဉ်နဲ့ အခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လာနေတာဖြစ်ပါတယ်။
ပထမအသုတ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့မှာ ကရင်ပြည်နယ် မြ၀တီမြို့ကနေ ၁၅၇ ဦး၊ ဇူလိုင် ၂ ရက်မှာ ကယားပြည်နယ် မယ်စဲမြို့ ဘီပီ ၁၃ ကနေ ၃၂ ဦးနဲ့ ဒီကနေ့ မြဝတီမြို့ကနေ ၁၁၉ ဦး ပေါင်း ၃၀၈ ဦးပြန်လည်ဝင်ရောက်လာတာပါ။
အခုပြန်လည်ဝင်ရောက်လာသူတွေဟာ မိမိဆန္ဒအလျောက်ပြန်လာသူတွေဖြစ်ကြပြီး ဒါဟာ စတုတ္ထကြိမ်မြောက် ပြန်လည်ဝင်ရောက်လာမှုဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုမှာ ပြည်တွင်းစစ်နဲ့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေ လူဦးရေ ၁ သိန်းနီးပါး ကျန်ရှိ နေသေးတယ်လို့ UNHCR တာဝန်ရှိသူကပြောပါတယ်။
No comments:
Post a Comment