၎င်းပါဝင်သရုပ်ဆောင်ထား သည့် တရားလားဇာတ်ကားတွင် ကြိုးစားထားသလို လက်ရှိတွင် ကားဆက်နေပြီ ဖြစ်ကြောင်း စိုးသူက ပြောသည်။
ပရိသတ်များ တောင်းဆိုမှု ကြောင့် သီချင်းဟောင်းများ စုစည်းကာ ပြန်လည်သီဆိုထုတ် ပေးနိုင်ရန် ကြိုးစားနေသည်ဟု ဆိုသည်။
‘‘တချို့ကျတော့လည်း အ ဟောင်းကို ပြန်ဆိုစေချင်ကြ တယ်။ ဟိုးအရင်တုန်းကသီချင်း တွေကို ပြန်နားထောင်ချင်တဲ့သူ တွေက သီချင်းတွေကို ၀ယ်ချင် ရင်တောင်ပြန်ဝယ်လို့မရတော့ ဘူး၊ စုချင်ရင်တောင်မှ စုလို့မရ တော့ဘူးပြောတယ်။ အဲဒီလိုပြော တဲ့သူတွေများတော့ သီချင်း ဟောင်းလေးတွေကို ပြန်ပြီးစု စည်းဖြစ်မလားပေါ့။ အရင်တုန်း ကတော့ ကော်ပီလည်းဆိုဖြစ် တယ်။ နောက်ပိုင်းက ကိုယ်ပိုင် သံစဉ်နဲ့ဆိုဖြစ်တော့ အမှန်အ တိုင်းပြောရရင် ကိုယ်ပိုင်သံစဉ်ပဲ ဆိုချင်တယ်။ ဒါပေမဲ့ပရိသတ် ကသူတို့ကြိုက်ထားတဲ့ သီချင်း လေးတွေက ကော်ပီသီချင်းလေး တွေလည်းပါတော့ အဲဒါမျိုးလေး တွေကို အဆင်အပြေဆုံးအနေအ ထားနဲ့ ပြန်ဆိုပြီးတော့ပြန်စုပေး မယ်လို့စိတ်ကူးထားတယ်’’ ဟု စိုးသူကပြောသည်။
‘‘သီချင်းရေးဆရာတွေက တစ်ယောက်နဲ့တစ်ယောက်မတူ ဘူး။ ခံစားတာချင်းမတူဘူး။ ကျွန် တော်လည်း ကျွန်တော်ကိုယ်တိုင် ခံစားလို့ရတာလေး ရေးထား တယ်။ သူငယ်ချင်းတွေရေးထား တာတွေလည်း စုပြီးကိုယ်ပိုင်သံ စဉ်လေးတွေထည့်ပေါ့။ အရင်သီ ချင်းဟောင်းတွေလည်းအဲဒီလိုပဲ။ စုထားချင်တယ်၊ သိမ်းထားချင် တယ်၊ နားထောင်ချင်တယ်ဆိုတဲ့ ပရိသတ်တွေအတွက်ပါ။ သီချင်း အသစ်ကိုယ်ပိုင်သံစဉ်လေးတွေ ရေးထားတာလည်းရှိတယ်။ ဆိုဦး မှာပါ’’ ဟု စိုးသူကပြောသည်။ ထို့အပြင် ရန်ကုန်၌ ရှိုးပွဲကြီး တစ်ပွဲကြိုးစားပြုလုပ်နိုင်ရန် စိတ် ကူးထားသည်ဟုဆိုသည်။
No comments:
Post a Comment