

ငရုတ်သီးခွဲကြမ်းမှုန့်၊ အရောင်တင်မှုန့်၊ ငရုတ်ဆီဆော့တချို့မှာ Sudan III ဆိုတဲ့ ဆိုးဆေးပါဝင်ပြီး အဲဒါကတော့ အဆီမှာပျော်ဝင်တဲ့ စားသောက်ကုန်မှာ ခွင့်မပြုတဲ့ဆိုးဆေးဖြစ်ပါ တယ်။
နောက်ထပ် အရောင်တင်မှုန့်နဲ့ ငရုတ်သီးမှုန့်တံဆိပ်တချို့မှာတော့ Aflatoxin B1 လို့ခေါ်တဲ့ ငရုတ်သီးမှာ တွေ့ရတဲ့မှိုတမျိုးဟာ သတ်မှတ်နှုန်းတဲ့ ပိုပြီး ပါနေတာပါ။
ဇီးထုပ်၊ ငရုတ်ဆီ၊ ဂျယ်လီ တံဆိပ်တချို့မှာတော့ ကြာရှည်ခံဆေး သတ်မှတ်တာထက် ပိုပါနေပြီး အဲဒီဆေးဟာ သတ်မှတ်ပမာဏထက်များနေရင် လည်ချောင်းယားယံချောင်းဆိုးစေ ပါတယ်။
ခေါက်ဆွဲခြောက်တမျိုးမှာ Borax ဆိုတဲ့ အဖြူရောင်ဆိုးဆေးသုံးထားပြီး အဲဒီဆိုးဆေးဟာ အဆိပ်သင့် ကင်ဆာဖြစ်စေပြီး သားသမီးမရတာမျိုး ဖြစ်စေနိုင်ပါတယ်။
ငါးပိထောင်း၊ ဇီးထန်းလျက်နဲ့ ဇီးလုံးတွေမှာ အနီရောင်ဆိုးဆေး Rhodamine B ကို သုံးထားပြီး ဒါကတော့ ရောဂါရှာရာမှာ သုံးတဲ့ ဓာတ်ခွဲခန်းသုံး ဆိုးဆေးဖြစ်သလို ချည်၊ သားရေဋ္ဌ၊ ပိုးထည် စတာတွေကို ဆိုးတဲ့ဆေးဖြစ်တာကြောင့် စားမယ်ဆိုရင် ပျို့အန်တာ၊ အစာအိမ် အူလမ်းကြောင်းရောင်တာ၊ အာရုံကြော ထိုင်းမှိုင်းတာတွေ ဖြစ်စေပါတယ်။
No comments:
Post a Comment