Pages
Wednesday, July 3, 2019
ဝန်ကြီးဌာနသစ် ၂၀၂၀ ရွေးကောက်ပွဲအတွက် မရည်ရွယ်
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အသစ်ဖွဲ့စည်းလိုက်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဟာ ၂၀၂၀ ရွေးကောက်ပွဲတခုထဲအတွက် ရည်ရွယ်ဖွဲ့စည်း တာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံမှာ အခြေခံ လူဦးရေစာရင်း မှန်မှန်ကန်ကန်ထွက်ရှိလာစေဖို့နဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို မြှင့်တင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာလို့လည်း ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဇူလိုင်လ ၃ ရက်နေ့က ဝန်ကြီးအဖြစ် ကတိသစ္စာ ပြုအပြီး မီဒီယာတွေနဲ့ တွေ့ဆုံပြီး အခုလို ပြောဆိုခဲ့တာပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment