ဇူလို ၄ ရက် မနက်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ နေရာကွက်ကျား၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်း အသင့်အတင့်က လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့် ၆ ပေကနေ ၉ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်မှာလည်း မုတ်သုံလေ အားကောင်းနေမယ်လို့ ခန့်မှန်းထားပါတယ်။ နေပြည်တော်၊ မန္တလေးမြို့တို့နဲ့ အနီးတ၀ိုက်တွေမှာ နေရာကွက်ကျားနဲ့ ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ မိုး တကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမယ်လို့ ခန့်မှန်ထားပါတယ်။
No comments:
Post a Comment