
iPhone 6 Plus ရဲ့ တည်နေရာဟာ တာချီလိတ်မြို့၊ ပါလျံ(၁)ရပ်ကွက်က အလိုတော်ပြည့် ဘုန်းကြီးကျောင်းအနီးမှာ ပြနေတာကြောင့် စုံစမ်းရာမှာ ပါလျှံ(၁)ရပ်ကွက်အတွင်းရှိ အလှပြင်ဆိုင် တစ်ဆိုင်က အလုပ်သမားတစ်ဦးထံမှာ တွေ့ရှိခဲ့ပါတယ်။
“အဲဒီဖုန်းကိုင်တဲ့ ကောင်မလေးက သူ့အဖေက ပေးထားတယ်ပြောတယ်။ သူ့အဖေကို စစ်တော့ ကျော်ထွန်းလင်းဆိုတဲ့ သူဆီကနေ ဖုန်းတစ်လုံးနဲ့ လဲထားတယ်လို့ သိရတယ်။ အဲဒီကနေ ကျော်ထွန်းလင်းက ရဲမင်းထက်ဆိုတဲ့သူဆီကနေရတယ်ပြောတယ်။
အဲဒီလိုကွင်းဆက်လိုက်ရာကနေ ရွှေထည်အချို့နဲ့ ခိုးမှုနဲ့ ဆက်စပ်သူတွေကို ဖမ်းမိတာ” လို့ ဖမ်းဆီးရာမှာ ပါဝင်ခဲ့ရဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ခိုးမှု ကျူးလွန်တဲ့ ကျော်ထွန်းလင်းနဲ့ ရဲမင်းထက်တို့ကို စစ်ဆေးရာမှာ သူတို့ ခိုးထားတဲ့ ရွှေထည်ပစ္စည်းတွေကို တာချီလိတ်မြို့၊ မိုင်းဟဲကျေးရွာအုပ်စု၊ ပန်စလိရွာက ရာဘာခြံစောင်းမှာ တဲထိုးနေထိုင်သူ ဦးကျော်မြင့်ထံ ပေါင်နှံထားကြောင်းသိရတာကြောင့် သွားရောက်စစ်ဆေးရာမှာ ဦးကျော်မြင့်ရဲ့ တဲအတွင်းကနေ ကျပ်(၅၁)သိန်းဖိုးကျော် တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ရွှေထည်ပစ္စည်းတွေကို ဝင်ရောက်ခိုးယူတဲ့ ကျော်ထွန်းလင်း၊ ရဲမင်းထက်နဲ့ ပစ္စည်းလက်ခံသူ ဦးကျော်မြင့်တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ကျန်တဲ့ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းနိုင်ရေး ရဲတပ်ဖွဲ့က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
No comments:
Post a Comment